ရန်ကုန်ယူနိုက်တတ်အသင်းရဲ့ နောက်တန်းကစားသမား ကျော်ဇင်ဦးကတော့ ရန်ကုန်ယူနိုက်တတ်အသင်းရဲ့ နောက်တမ်းမှာ ခြေစွမ်းပြကစားနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ Covid 19ရောဂါကြောင့် မြန်မာနေရှင်နယ်လိဒ်ပွဲစဥ်တွေ ရပ်နားထားခဲ့လို့ ရန်ကုန်ယူနိုက်တတ်အသင်းသားတွေဟာ မိမိတို့ရဲ့ နေအိမ်တွေဆီပြန်လည်ရောက်ရှိနေတာပဲဖြစ်ကာ ကျော်ဇင်ဦးလည်း မိမိရဲ့ နေအိမ်ဆီပြန်လည်ရောက်ရှိနေပါတယ်။ 

PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC
PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC

ယခုမှာတော့ ရန်ကုန်ယူနိုက်တတ်အသင်းရဲ့ ကစားသမား ကျော်ဇင်ဦးရဲ့ နေအိမ်ဟာ မုန်တိုင်းတိုက်ခက်မှု​ကြောင့် တစ်စစီပြိုကျပျက်စီးခဲ့ရပါတယ်။ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေ ရန်ကုန်ယူနိုက်တတ်အသင်းဖော်တွေ သူငယ်ချင်းတွေကတော့ စိတ်မကောင်းကြောင်း Commentမှာဝင်ရောက် ရေးသားထားခဲ့ကြပြီး အားပေးစကား ပြောဆိုထားပါတယ်။

PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC
PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC

ရန်ကုန်ယူနိုက်တတ်အသင်းရဲ့ အသင်းခေါင်းဆောင် ကျော်ဇင်ထက်ကတော့ စိတ်ဓာတ်မကျဖို့နဲ့ တတ်နိုင်သလောက် ကူညီဖို့အားပေးစကားပြောကြားခဲ့ပါတယ်။ ကျော်ဇင်ထက်ကတော့ "စိတ်မကောင်းဘူးညီလေးရာ စိတ်ဓာတ်မကျနဲ့နော် ကိုယ်တို့တသင်းလုံးလိုအပ်တာမှန်သမျှကူညီပေးမယ် "ဆိုပြီး စိတ်မကောင်းဖြစ်မိတဲ့အကြောင်း သူရဲ့ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

SOURCE : KYAW ZIN HTET / KYAW ZIN OO 'S FACEBOOK ACC

PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC
PHOTO CREDIT : KYAW ZIN OO 'S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။