သရုပ်ဆောင် မင်းသမီးချောလေး နွယ်ဒါလီထွန်းကတော့ ကလေးဆန်တဲ့ ချစ်စရာ အမူအရာလေးတွေကြောင့်လည်း ပရိသတ်တွေကအချစ်ပိုခဲ့ကြတာပါ။ သူမရဲ့အပြုံးချိုချိုလေးတွေဟာလည်း ပုရိသယောကျာ်းလေးပရိသတ်တွေကိုအဓိကကြွေစေရတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် ဖော်ရွေပျူဌာတတ်တဲ့ သူမရဲ့ဖြူစင်တဲ့ စိတ်ထားလေးတွေကြောင့်လည်း ပရိသတ်များသာမက အနုပညာရှင်များကပါ ချစ်ခင်ကြတာဖြစ်ပါတယ်။

Photo credit - Dior by Heart

နွယ်ဒါလီထွန်း က လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်တွေအလွမ်းပြေစေရန်အတွက် သူမရဲ့ အပျင်း​ပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာကနေ ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုမှာလည်း နွယ်ဒါလီထွန်းက သူမရဲ့ ဖေ့ဘွတ်စာမျက်နှာကနေ ချစ်စရာကောင်းစွာဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Dior by Heart

နွယ်ဒါလီထွန်း ရဲ့ ပုံရိပ်လေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရင်း အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော် ။ ဒါ့အပြင် နွယ်ဒါလီထွန်းရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ပရိသတ်တွေ က ဆက်လက်အားပေးဖို့ တောင်းဆိုလိုက်ပါတယ်နော်..... ။

Photo credit - Dior by Heart

Photo credit - Dior by Heart 

Source - Nwe Darli Htun's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။