ပရိသတ်ကြီးရေ အဆိုတော်ဝိုင်းစုခိုင်သိန်းကတော့ အခုနောက်ပိုင်းမှာဆိုရင် သီချင်းတွေကိုသာ အဓိကထားလုပ်ဆောင်နေပြီး ဇာတ်ကားတွေရိုက်ကူးတာတော့မတွေ့ရတော့ပါဘူးနော်။သူမရဲ့ချစ်သူအောင်လကလည်း တေးရေး၊တေးဆိုသူတစ်ယောက်ဖြစ်လို့ ဝိုင်းစုတို့ချစ်သူနှစ်ယောက်က တိုင်တိုင်ပင်ပင်နဲ့အနုပညာတွေဖန်တီးကြပါတယ်။ဝိုင်းစုတို့ချစ်သူနှစ်‌ယောက်ကလည်း တေးသီချင်းတွေနဲ့ အောင်မြင်ကျော်ကြားနပြီး လူငယ်ကြိုက်အဆိုတော်တွေပါနော်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

ဝိုင်းစုတို့နှစ်ယောက်က သီချင်းအသစ်တွေကိုလည်း ဆက်လက်ဖန်တီးနေကြပြီး အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေကြတာပါ။ဝိုင်းစုနဲ့အောင်လက အေးအေးချမ်းချမ်းနဲ့ နှစ်ကိုယ်တူချစ်ခရီးလမ်းလေးကိုလျှောက်လှမ်းနေကြပြီး အပြန်အလှန်လည်းနားလည်မှုအပြည့်ရှိကြပါတယ်။ဝိုင်းစုတို့စုံတွဲလေးကလည်း ပရိသတ်တွေအားကျရတဲ့စုံတွဲတွေထဲမှာ တစ်တွဲအပါအဝင်ဖြစ်ပါတယ်နော်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

ဝိုင်းစုကတော့ အသက်အရွယ်တွေတစ်နှစ်ထက်တစ်နှစ်ကြီးလာပေမယ့် သူမရဲ့အလှအပတွေကတော့ ငယ်တုန်းကအတိုင်း ပြီးပြည့်စုံနေဆဲပါ။နုဖတ်ပျိုမျစ်တဲ့အလှတရားတွေက အပြစ်ပြောစရာမရှိအောင်လှပပြီး အခုဆိုရင်လည်း မျက်လုံးဝိုင်းဝိုင်း၊နှာတံစင်းစင်းလေးတွေကအထင်းသားပေါ်လွင်နေပြီး အရုပ်မလေးလိုအရမ်းချစ်ဖို့ကောင်းနေတဲ့ ဝိုင်းစုရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account
Photo Credit:Wine Su's Facebook Account

Source&Photo Credit:Wine Su's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။