ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး နေခြည်ရွှန်းလက် ကတော့ MRTV -4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ချစ်စရာကောင်းလွန်းလှတဲ့ မျက်နှာလေးကြောင့် အချိန်တိုလေးအတွင်း ပရိသတ်တွေရဲ့ ရင်ထဲကို ဝင်ရောက်လာနိုင်ခဲ့တဲ့ သူလေးပါ။ နေခြည်ရွှန်းလက်က နောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေနဲ့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးနေကာ Photo shooting တွေပိုလည်း ချစ်စရာကောင်းလှတဲ့ အမူအရာလေးတွေနဲ့ ပိုစ့်ပေးကါ ဓာတ်ဖမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်........။

Photo credit - Nay Chi Shoon Lak's facebook account
Photo credit - Nay Chi Shoon Lak's facebook account

ယခုလက်ရှိမှာတော့ နေခြည်ရွှန်းလက်က ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ သူမချစ်ရတဲ့ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ အိမ်မှာနေရင်း အပျင်းပြေဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေဆီကို အမြဲ မျှဝေပေးလေ့ရှိသူမို့ ပရိသတ်တွေကလည်း စောင့်မျှော်အားပေးနေကြတာလည်း ဖြစ်ပါတယ်.......။

Photo credit - Nay Chi Shoon Lak's facebook account

မကြာသေးမီအချိန်က နေခြည်ရွှန်းလက်က သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာကနေ ချစ်စရာကောင်းတဲ့ အဝါရောင်လေးကို ဝတ်ဆင်ကာ ဓာတ်ဖမ်းထားတဲ့ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ပုံလေးတွေထဲမှာ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေပေးကာ ရိုက်ကူးထားတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ နေခြည်ရွှန်းလက်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Nay Chi Shoon Lak's facebook account

Source & Photo credit - Nay Chi Shoon Lak's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။