ဆွဲဆောင်မှုရှိပြီး ချစ်စရာအပြုံးချိုချို ရိုးရှင်းအေးချမ်းတဲ့အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားသူလေးကတော့ သရုပ်ဆောင်မင်းသမီးချောလေးလည်း ဖြစ်သလို ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်တဲ့ မင်းသမီးချောလေး ပိုးမမှီသာပဲ ဖြစ်ပါတယ်နော်..။

အနုပညာလောကမှာ ပရိသတ်တွေရဲ့တခဲနက်အားပေးဝန်းရံမှုတွေကို ရရှိထားသလို အခြားနယ်ပယ်နဲ့ ပညာရေးမှာလည်း ထူးချွန်သူလေးဖြစ်တာမို့ ပရိသတ်တွေက သဘောကျနေကြရပြီး အနေအေးကာ ပွင့်လင်းတဲ့ သူမရဲ့ လှုပ်ရှားမှုဝန်ပန်လေးတွေကလည်း အချစ်ပိုနေကြတာပါ..။

Photo Credit - Poe Mahme Thar's FB Account
Photo Credit - Amazing Grace

ယောကျ်ားလေးပရိသတ်တွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိထားကာ မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်နေကြရတဲ့ သူမကတော့ ပြီးခဲ့တဲ့ရက်က ကျရောက်ခဲ့တဲ့ သူမရဲ့မွေးနေ့လေးကို ခါတိုင်းနှစ်တွေနဲ့မတူဘဲ ဖြတ်သန်းခဲ့ရတဲ့အကြောင်းလေး ပြောပြလာပါတယ်..။

သူမရဲ့ (၂၃)နှစ်ပြည့် မွေးနေ့လေးမှာ မွေးနေ့အလှူအတွက် ဆောင်ဥက္ကလာအထူးကုဆေးရုံကြီးမှာ ရှိတဲ့ Frontliners ဆရာ ဆရာမများအတွက်နေ့လည်စာနဲ့ နေ့စဉ်အသုံးပြုနေရတဲ့ PPE , surgical gowns, caps, goggles, faceshields, surgical masks အပြင် Betadine Mouthwash and nasal spray တွေကို လှူဒါန်းကုသိုလ်ယူခဲ့ပါတယ်နော်..။

Photo Credit - Poe Mahme Thar's FB Account
Photo Credit - Poe Mahme Thar's FB Account

ထို့အပြင် သူမရဲ့မွေးနေ့အလှူလေးမှာ personal protective equipments တွေအပြင် ထူးထူးခြားခြားလှူဒါန်းဖြစ်ခဲ့တာကတော့ ခံတွင်းနဲ့ အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် ကာကွယ်ပေးတဲ့ Betadine ပလုပ်ကျင်းဆေးရည်နဲ့ နှာခေါင်းဖြန်းဆေးတွေကိုလည်း လှူဒါန်းခဲ့ပါသေးတယ်နော်..။

မင်းသမီးချောလေးပိုးမမှီသာကတော့ သူမရဲ့ မွေးနေ့လေးမှာ အခုလို လှူဒါန်းမှုတွေ ပြုလုပ်နိုက်ဖို့အတွက် ပါဝင်ကူညီပေးခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်စကားလေးဆိုထားပြီး ဒီနှစ်မွေးနေ့လေးကတော့ ခါတိုင်းနှစ်နဲ့ မတူဘဲဖြတ်သန်းရတဲ့ Pinky’s 23 ပါ ဆိုပြီးတော့လည်း ချစ်စဖွယ်လေး ပြောပြထားသလို ပရိသတ်တွေကလည်း ဆုတောင်းစကားလေးတွေလာ်း ပြောထားကြပါတယ်နော်..။

Photo Credit - Poe Mahme Thar's FB Page
Photo Credit - Poe Mahme Thar's FB Page

Source & Photo Credit - Poe Mahme Thar's FB Account & Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။