တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်တဲ့ မင်းသမီးချောလေးဆုပန်ထွာကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုရယူထားနိုင်သူလေးပဲဖြစ်ပါတယ်။ ဇာတ်ကားပေါင်းများစွာမှာ အကောင်းဆုံးပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမကတော့ ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ပြီး ချစ်စရာကောင်းတဲ့ တစ်ဦးတည်းသောသားလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ 

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်တဲ့ သူမကတော့ " ဖေဖေ....သားကိုခဏသိပ်ပေး။အေးအေး....တဲ့နောက်ဖေးမီး‌ဖိုချောင်ထဲချက်ပြုတ်ပြီးပြန်ထွက်လာတော့ သားအဖနှစ်ယောက်ပြောင်းပြန်ဖြစ်နေတယ်။အဖေကသားပေါင်ပေါ်အိပ်ပျော်လို့။သားကသူ့အဖေဖုန်းယူပြီးလျောက်ကလိနေတယ်။အင်းကျန်မမှာ သား၂ယောက်ရှိလေရဲ့ "ဆိုပြီး သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးနဲ့အတူ လူမှုကွန်ယက်ထက်မှာရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ 

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

သူမကတော့ ယခုမှာ သားလေးကိုချော့သိပ်ရင်း သားလေးရဲ့ပေါင်ပေါ်မှာကိုယ်တိုင်အိပ်ပျော်သွားတဲ့ ခင်ပွန်းသည်ကိုကြည့်ရင်း ပျော်ရွှင်ရယ်မောနေခဲ့ပါတယ်။သူမတို့ မိသားစုလေးကတော့ ပရိသတ်တွေအားကျရလောက်အောင် ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ပြီး သားလေးနဲ့အတူ ပျော်ရွှင်စရာအချိန်တွေကို အတူတူဖြတ်သန်းနေခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆုပန်ထွာတို့မိသားစုရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။ 

Source  :  Supan Htwar's Facebook Account

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။