မင်းသမီးချောလေး ဖွေးဖွေးကတော့ ထပ်ဆင့်အကယ်ဒမီဆုရှင်လေးဖြစ်ပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် အောင်မြင်နေတာ ဖြစ်ပါတယ် ။ ဖွေးဖွေးက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်ထက်မြက်သလို ရုပ်ရှင်ဇာတ်ကားကြီးပေါင်းမြောက်များစွာ ရိုက်ကူးခဲ့ရတာလည်း ဖြစ်ပါတယ် ။ ဖွေးစိန်လေးရဲ့ ပီပြင်ပြောင်မြောက်လွန်းတဲ့ သရုပ်ဆောင်အရည်အချင်းကြောင့်လည်း ပရိသတ်တွေကအခိုင်အမာအားပေးဝန်းရံနေရတာ ဖြစ်ပါတယ် ။

Photo Credit-Phway Phway's FB Page
Photo Credit-Phway Phway's FB Page
Photo Credit-Kyaw Kyaw Win's FB Acc

ဖွေးစိန်လေးက စိတ်သဘောထားကောင်းပြီး အားလုံးအပေါ်မှာ ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်သူလေး ဖြစ်ပါတယ် ။ လတ်တလောမှာ ဖွေးစိန်လေးက အိမ်မှာနေရင်း မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် အနားယူနေတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ ဖွေးစိန်လေးက သူမရဲ့ချစ်ဖေဖေနဲ့အတူ အပြင်ထွက်ပြီး စျေးသွားဝယ်ခဲ့တာလည်း ဖြစ်ပါတယ် ။

Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc
Photo Credit-Kyaw Kyaw Win's FB Acc

ဖွေးစိန်လေးတို့သားအဖက Mask ကိုသေချာတပ်ပြီးမှ အပြင်ထွက်ကာ စျေးဝယ်ထွက်ကြတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖွေးစိန်လေးက တုံကင်နံပါတ်ပြားလေးကိုင်ပြီး စနစ်တကျတန်းစီရပ်နေတာကို ဖေဖေကဗီဒီယိုလေးရိုက်ပြီး တင်ပေးထားပါသေးတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် Mask ကိုယ်စီတပ်ပြီး စျေးဝယ်ထွက်နေတဲ့ ဖွေးစိန်လေးတို့သားအဖရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Kyaw Kyaw Win's FB Acc

Photo Credit-Kyaw Kyaw Win's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။