ပရိသတ်အချစ်တော်မလေးဖြစ်တဲ့ Rapအဆိုတော်စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး ယနေ့တိုင်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခပ်မိုက်မိုက်တေးသီချင်းလေးတွေ၊ ကိုယ်တိုင်ရေးသားထားတဲ့ သီချင်းများစွာနဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ရင်ထဲကို ထိုးဖောက်ဝင်ရောက်ထားနိုင်တဲ့ သူမကတော့ ယခုမှာလည်း သီချင်းအသစ်လေးတွေထွက်ရှိဖို့ ကြိုးစားနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်.....။

Photo credit - Khin Lin Htin- Treasure's facebook page
Photo credit - Khin Lin Htin- Treasure's facebook page

စန္ဒီမြင့်လွင်က အေးချမ်းပျော်ရွှင်ပြီး အမြဲ ကြည်နှုးစရာတွေနဲ့ ပြည့်နေတဲ့ မိသားစုဘဝလေးကို ဖန်တီးထားနိုင်ခဲ့လို့ ပရိသတ်တွေကလည်း အားကျနေကြတာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် စန္ဒီမြင့်လွင်က သူမနဲ့တူတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ကာ သမီးလေးကလည်း ဝဝကစ်ကစ်လေးနဲ့ပါးဖောင်းပြီး ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးပဲဖြစ်ပါတယ် ။ စန္ဒီမြင့်လွင်က မကြာခဏဆိုသလို သူမရဲ့ သမီးလေး Treasureရဲ့ ပုံရိပ်လေးတွေကို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်....။

Photo credit - Khin Lin Htin- Treasure's facebook page
Photo credit - Khin Lin Htin- Treasure's facebook page

ယခုမှာလည်း Treasure လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သမီးလေး ခင်လင်းထင်ကတော့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရယူလိုက်ပြန်ပါပြီနော်။ " ဗိုလ်ကြီးရှိတဲ့ကိုရီးယားကိုလိုက်သွားတော့မယ်ထရက်ရှာ့ကိုမတားကြနဲ့နော်" ဆိုတဲ့ စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ ပိုစ့်လေးတွေပေးကါ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုရင်း အသည်းယားမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော်.... ။

Photo credit - Khin Lin Htin- Treasure's facebook page
Photo credit - Khin Lin Htin- Treasure's facebook page

Source & Photo credit - Khin Lin Htin- Treasure's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။