ပရိသတ်ကြီးရေ လင်းဇာနည်ဇော်တို့မိသားစုလေးကတော့ အချင်းချင်းစည်းစည်းလုံးလုံးရှိကြပြီး ပျော်စရာကောင်းတဲ့မိသားစုလေးပါနော်။လင်းဇာနည်‌ဇော်တို့ကစီးပွားရေးဆိုလည်း တက်ညီလက်ညီလုပ်ကိုင်ကြပြီး အလုပ်ဟူသမျှ ကြိုးစားကြတဲ့ မောင်နှမတွေဖြစ်ပါတယ်။လင်းဇာနည်ဇော်ကလည်း ယနေ့အချိန်ထိတိုင် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုရရှိထားတာဖြစ်ပါတယ်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

လင်းဇာနည်ဇော်တို့မောင်နှမတွေက မိဘကိုဆိုလည်း ဦးထိပ်မှာပန်ဆင်ပြီးအရမ်းလိမ္မာကြတဲ့သူတွေဖြစ်ပါတယ်။သူမတို့ဖခင် သက်ရှိထင်ရှားရှိစဉ်အချိန်မှာလည်း လိုလေသေးမရှိအောင် အနီးကပ်ပြုစုပြီးစောင့်ရှောက်ပေးခဲ့တာဖြစ်ပါတယ်။ဖခင်ဖြစ်သူ ဘဝတစ်ပါးသို့ပြောင်းရွှေ့သွားချိန်မှာလည်း ယနေ့အချိန်ထိတိုင် လွမ်းဆွတ်သတိရနေကြတာဖြစ်ပါတယ်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

ချစ်ချစ်ဇော်ကတော့"တစ်နှစ်နဲ့ ငါးလတိတိပြည့်ခဲ့ပြီ။လောဘ၊ဒေါသ၊မောဟ၊သောကတွေနဲ့ဝေးရာကို အဖိုးလေးထွက်သွားခဲ့တာ။ဒီနေ့အထိ သမီးပြုသမျှ ကောင်းမှု့ကုသိုလ်အစုစုတို့ရဲ့ အဖို့ဘာဂကို အဖေရောက်လေရာမြင့်မြတ်သောဘုံဘဝမှ သာဓုအကြိမ်ကြိမ်ခေါ်နိူင်ပါစေ။"ဆိုပြီး ဖခင်နဲ့အမှတ်တရပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account
Photo Credit:Chit Chit Zaw's Facebook Account

Source&Photo Credit:Chit Chit Zaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။