မင်းသမီးချောလေး မိုးယုစံကတော့ အိမ်ထောင်ကျပြီး သားလေးတစ်ယောက်တောင်ပိုင်ဆိုင်ထားရပြီ ဖြစ်ပါတယ် ။ အခုဆိုရင် မိုးယုရဲ့သားလေးက အသက်(၂)နှစ်ကျော်အရွယ်ရှိနေပြီဖြစ်ပြီး စကားတွေလည်းကောင်းကောင်းပြောတတ်နေပြီ ဖြစ်ပါတယ် ။ အရမ်းချစ်ဖို့ကောင်းတဲ့ မိုးယုရဲ့သားလေးကိုတော့ ပရိသတ်တွေကပါ တစ်နေ့တစ်ခြား ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုစံက ချစ်ခင်ပွန်း၊သားလေးတို့နဲ့အတူ ပျော်ရွှင်သာယာဖွယ်ကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ် ။ မိုးယုက သားသားလေးကိုချစ်တဲ့ပရိသတ်တွေအတွက် သားလေးရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေပေးလေ့ရှိတာလည်း ဖြစ်ပါတယ် ။ အခုလည်း မိုးယုက ချစ်စရာကောင်းတဲ့သားလေးရဲ့ Tik Tok ဗီဒီယိုလေးတွေကို မျှဝေပေးထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc
Photo Credit-Moe Yu San's FB Acc

မိုးယုက သားလေးရဲ့ဗီဒီယိုလေးတွေနဲ့အပြင် သူမတို့သားအမိနှစ်ယောက် အပြန်အလှန်စကားပြောနေတဲ့ ဗီဒီယိုကိုလည်း တင်ထားတာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးမှာတော့ သားလေးကောင်းသိင်္ခမိုးသူက မေမေမိုးယုမေးတဲ့မေးခွန်းလေးတွေကို ချစ်စရာအမူအရာလေးတွေနဲ့ ပြန်ဖြေနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မိုးယုစံတို့သားအမိရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit- "မိုးယုစံ" Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။