ပရိသတ်ကြီးတို့ရဲ့ အချစ်တွေနဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်ဆယ်လီစုံတွဲတွေထဲမှာ ဘောလုံးအားကစားသမား အောင်သူနဲ့ မင်းသမီးချောလေး ပိုးအိအိခန့်တို့ စုံတွဲလေးကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူ့အချစ်တော်တွေအဖြစ် ရပ်တည်နေကြသလို ချစ်စရာကောင်းလွန်းတဲ့ သားသားလေးနဲ့အတူ ကြည်နူးစရာ မိသားစုဘဝလေးကိုလည်း လက်တွဲညီညီနဲ့ ပိုင်ဆိုင်ဖြတ်သန်းနေတာမို့လည်း ပရိသတ်တွေက အားကျ ချစ်ခင်နေကြတာပါ..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

ချစ်စရာကောင်းလွန်းတဲ့ သားကိုးလေးရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း မေမေပိုးအိက အမြဲမျှဝေလေ့ရှိပြီး အခုတစ်ခါမှာလည်း သားလေးရက်တစ်ရာပြည့် အမှတ်တရပုံရိပ်လေးတွေကို ကြည့်ရင်း ချစ်မဝဖြစ်နေကာ မျက်နှာအရမ်းပြာင်တတ်နေပြီဖြစ်တဲ့ သားလေးအကြောင်းကိုလည်း ပြောပြလာပါတယ်..။

ဝဝကစ်ကစ်ပြည့်ပြည့်ဖောင်းဖောင်း မျက်နှာချိုချိုလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ သားကိုးလေးကတော့ ငယ်ငယ်လးကတည်းက ချစ်မွှေးပါလွန်းပြီး ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်ခင်ကြသလို အပြုံးချိုချိုလေးတွေကလည်း တကယ်ကို ချစ်စရာလေးပါပဲနော်..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

"မေမေ့သဲလေး ရက် ၁၀၀ ပြည့်တုန်းကပုံလေးတွေ ကုန်အောင်မတင်ရသေးလို့ ပြန်တင်မယ်နော်

အဲ့ဒီသေးသေးက ခုဆို အရမ်းလည် အရမ်းမျက်နှာပြောင် နေပါပီရှင်.." ဆိုပြီး သားလေးရဲ့ ရက်တစ်ရာပြည့် အမှတ်တရလေးတွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်..။

ကဲ.. ပရိသတ်ကြီးရေ.. အရမ်းကို မျက်နှာပြောင်တတ်နေပြီဖြစ်တဲ့ သားလေးအကြောင်းကို ပြောပြရင်း ချစ်မဝဖြစ်နေတဲ့ သားလေးရဲ့ ရက်တစ်ရာပြည့်ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလိုက်တာမို့ ပရိသတ်တွေ သဘောကျနေကြမှာပါနော်..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

Source & Photo Credit - Poe Ei Ei Khant's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။