ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် ယုန်လေး ကိုတော့ သိကြမယ်ထင်ပါတယ်။ ယုန်းလေးဟာဆိုရင် အဆိုတော်ကောင်းတစ်ယောက်ဖြစ်သလို သရုပ်ဆောင်မှုနယ်ပယ်မှာလည်း သဘာကျကျ နဲ့ ကျရာဇာတ်ရုပ်ကို ပီပြင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ ယခုနောက်ပိုင်းမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ဇာက်တိုက်ဆိုသလို ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။

Photo Credit - Yone Lay
Photo Credit - Yone Lay

ယခုမှာဆိုရင်လည်း ယုန်လေးက အိမ်မှာနေရင်း မနှစ်က ကိုရီးယား သင်္ကြန်မှာ အခြားအနုပညာရှင်မောင်နှမတွေနဲ့ သွားရောက်ဖျော်ဖြေခဲ့စဉ်က ပျော်ရွှင်စရာ အမှတ်တရပုံရိပ်တချို့လေးတွေကို ပရိသတ်တွေအတွက် တင်ပေးလာခဲ့ပါတယ်။ဒီပုံရိပ်လေးတွေနဲ့လည်း ယုန်လေးက " မနှစ်က Korea သင်္ကြန်ခရီးလေး ပြန်တက်လာတော့အမှတ်တရတွေ ပြန်သတိရ....အသွားမှာ Jenny ကလေယာဉ်နောက် ကျ Koreaလေဆိပ် အဝင်မှာ ဝက်မကြီး စစ်သွေးက ဘောင်ဘီ ဂွပြဲ......Korea လေဆိပ်မှာ Thin Zar အထုတ်ကို Thai က လင်မယား က အိတ်မှားပြီးယူသွား လေဆိပ်နားမှာ တစ်ညအိပ်ပြီး မှ အိတ်ပြန်လာပေး..

Photo Credit - Yone Lay
Photo Credit - Yone Lay

ဝက်ပုံးကြီးဘာညာ တန်းမှာ Video ခိုးရိုက်တာခေါင်း မကြီး တွေသိသွားတော့ဝိုင်းရိုက်ခံရတော့မှာကို ဆရာကြီး ယုန်လေးကယ်ထားတာလဲ အမှတ်တရကိုကျော်သီဟ ကတော့ အကုန်လုံးလိုက်ရှင်းပေးပြသာတွေကို.... သတိရ ကိုချစ်စရာကြီး ကိုဘို ကိုမျိူး ကိုညဏ် ဝက်သားဟင်း ကို Jai Thein တိုကိုလည်း သတိရ သင်ဇာပြောတဲ့ မျက်နှာနီနီကြီး ကိုလည်း သတိရ " ဆိုပြီး သူ့ရဲ့ Facebook ပေါ်မှာရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ အချစ်တော်လေး ယုန်လေးရဲ့ မနှစ်က ကိုရီးယားသင်္ကြန်မှာ အမှတ်တရတချို့တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yone Lay
Photo Credit - Yone Lay

Photo Credit - Yone Lay

Source - Yone Lay's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။