ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောလေး အေးမြတ်သူဟာ မြန်မာနိုင်ငံရဲ့ မင်းသမီးများစွာထဲကမှ ချစ်စဖွယ် ပါးချိုင့်လေးတွေနဲ့ပရိတ်သတ်တွေရဲ့ ရင်ထဲကို နေရာအပြည့်ယူထားတဲ့ ချစ်ဖို့အရမ်းကောင်းလွန်းတဲ့ မင်းသမီလေးတစ်ယောက်ပါ။ သူမရဲ့ရိုးသားပွင့်လင်းတဲ့ စိတ်ထားလေးနဲ့ဖော်ရွေတတ်တဲ့ ချစ်စရာအပြုအမူလေးတွေကြောင့်လည်း ဆယ်စုနှစ်တိုင်အောင် ပရိတ်သတ်တွေရဲ့ချစ်ခင် အားပေးခြင်းကို ယနေ့ထက်ထိ အခိုင်အမာရရှိထားတာပဲ ဖြစ်ပါတယ်။

Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account

အောင်မြင်တဲ့အနုပညာရှင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ အေးမြတ်သူတစ်ယောက်ကတော့ တစ်ကိုယ်တည်းအပျိုကြီးဘဝနဲ့ဆက်လက်ရပ်တည်နေတာပဲဖြစ်ပြီး ပရိတ်သတ်တွေကလည်း သူ့ရဲ့အချစ်ရေးကိုလည်း စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူငယ်ချင်းတွေနဲ့ခရီးတွေထွက်ပြီး ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။

Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account
Photo Credit- Myat Lay ML’s Facebook Account

အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ " နတ်မိမယ်လေးနှင့်gymအခန်းထဲမှအော်ဟစ်သံများ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် Gym Trainer နဲ့အတူ လေ့ကျင့်ခန်းတွေကို အပြင်းအထန်ကြိုးစားလေ့ကျင့်နေတဲ့ အေးမြတ်သူရဲ့ Video လေး

ကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Myat Lay ML’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။