အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်သူကတော့ အဆိုတော်မလေး နီနီခင်ဇော်ပဲ ဖြစ်ပါတယ်။ သူမဟာ Melody World သီချင်းဆို ပြိုင်ပွဲမှတစ်ဆင့် ဂီတ လောကထဲကို ဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ သူမဟာ ဆရာဝန်အလုပ်ကို စွန့်လွှတ်ကာ ဝါသနာပါရာ ဂီတအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit- Ni Ni Khin Zaw’s Facebook Page
Photo Credit- Ni Ni Khin Zaw’s Facebook Page
Photo Credit- Ni Ni Khin Zaw’s Facebook Page

နီနီရဲ့ သီချင်းတွေတိုင်းဟာလည်း နားထောင်သူတိုင်းကို အခါခါ ပြန်လည်နားဆင်ရလောက်အောင် နားထောင်ကောင်းလွန်းနေတာပါ။ မကြာသေးခင်ကလည်း အိမ်မက်ကာရန် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ သူမရဲ့ လှုပ်ရှားမှုတိုင်းကိုလည်း ပရိသတ်တွေကို အမြဲဝေမျှပေးလေ့ ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Ni Ni Khin Zaw’s Facebook Page
Photo Credit- Ni Ni Khin Zaw’s Tik Tok Account
Photo Credit- Ni Ni Khin Zaw’s Tik Tok Account

အခုမှာလည်း သူမရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ချစ်မေမေနဲ့အတူ လတ်တလောမှာခေတ်စားနေတဲ့ Challenge လေးလုပ်ခဲ့တဲ့ နီနီခင်ဇော်ရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကြည့်ရှုနိုင်အောင် နီနီခင်ဇော်ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- Ni Ni Khin Zaw’s Facebook page and Tik Tok Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။