ပရိသတ်ကြီးရေ အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းလုပ်ကိုင်နေပြီဖြစ်တဲ့ ညီညီမောင်ကတော့ မိတ်ကပ်ပညာမှာလည်း professionalဆန်ပါတယ်နော်။ညီညီမောင် မိတ်ကပ်လောကမှာ အောင်မြင်နေတဲ့သူတစ်ယောက်ဖြစ်ပြီး အနုပညာရှင်တွေကိုလည်း အမြဲတမ်းလိုလိုပြင်ပေးနေရတာဖြစ်ပါတယ်။သုသုလို့လည်း ခေါ်ဝေါ်ကြပြီး သူမကတော့ လူချစ်လူခင်လည်း အင်မတန်ပေါပါတယ်နော်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

သုသုက အခုလတ်တလောမှာဆိုရင် သူမရဲ့ ဘဝအကြောင်းတွေကို ရေးဖွဲ့ပြီး ငယ်ဘဝအမှတ်တရပုံရိပ်လေးတွေနဲ့အတူ မျှဝေနေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း သုသုရဲ့အကြောင်းလေးတွေကို စိတ်ဝင်စားကြလို့ သူမရေးသားတဲ့စာလေးတွေကိုဖတ်နေကြတာပါနော်။သုသုက ဟိုးအရင်ကတည်းက အနုပညာရှင်တွေနဲ့ရင်းနှီးပြီး အနုပညာရှင်တွေရဲ့ချစ်ခင်မှုကို ရရှိသူတစ်ဦးဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

အခုတစ်ခါမှာဆိုရင်လည်း သုသုက "ငါ့သွေး ငါ့ဓား ငါ့ဧရာဝတီ"ရုပ်ကှင်ဇာတ်ကားကြီးရိုက်တုန်းက အကယ်ဒမီလူမင်းနဲ့ အမှတ်တကပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။လူမင်းကလည်း ငယ်ရွယ်နုပျိုပြီးခန့်ညားနေကာ သုသုကလည်းချစ်စရာလေးပါနော်။သုသုကတော့ သဘောအရမ်းကောင်းပြီး လုပ်ဖော်ကိုင်ဖက်တွေအပေါ်တန်းတူဆက်ဆံနိုင်တဲ့ လူမင်းရဲ့အကြောင်းလေးတွေကို အောက်ပါအတိုင်းရေးသားမျှဝေလာတာဖြစ်ပါတယ်။

Photo Credit:Nyi Nyi Maung's Facebook Account
Photo Credit:Nyi Nyi Maung's Facebook Account

Source&Photo Credit:Nyi Nyi Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။