ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောလေး ထက်အောင်ရှိုင်းကတော့ အနုပညာလောကမှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။အနုပညာလောကမှာ အောင်မြင်မှုတွေရရှိလာပြီဖြစ်တဲ့ ထက်အောင်ရှိုင်းကတော့ ယောင်္ကျားပီသပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေအပြင် ညို့အားပြင်းတဲ့ ပါးချိုင့်အပြုံးချိုချိုလေးတွေကလည်း ပရိသတ်တွေအချစ်ပိုနေရတဲ့ အကြောင်းရင်လေးတွေပါပဲ။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

ထက်အောင်ရှိုင်းက အခုဆိုရင် အနုပညာအလုပ်တွေကို ခြေလှမ်းစနေပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကိုလည်း လက်ခံရိုက်ကူးနေပြီဖြစ်ပါတယ်။သူရိုက်ကူးတဲ့ ဇာတ်ကားများဟာဆိုရင်လည်း ဇာတ်ရုပ်အမျိုးမျိုးကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူဖြစ်လို့ ပရိတ်သတ်တွေက အချစ်ပိုနေရတာလည်းဖြစ်ပါတယ်။ထက်အောင်ရှိုင်းက စိတ်ထားကောင်းပြီး ဖော်ရွေသူတစ်ယောက်ဖြစ်လို့ အပေါင်းအသင်းသူငယ်ချင်းတွေလည်း ပေါများသူလေးဖြစ်ပါတယ်နော်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

လတ်တလောမှာတော့ ကောင်မလေးတွေကြွေသွားရလောက်အောင် အမိုက်စား ဆွဲဆောင်မှုရှိလွန်းတဲ့ ဗီဒီယိုလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ထက်အောင်ရှိုင်းတစ်ယောက် ချစ်ဖို့ကောင်းလွန်းနေတာလည်းဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးတွက် ထက်အောင်ရှိုင်းရဲ့ အမိုက်စား ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Htet Aung Shine Facebook Account
Photo Credit : Htet Aung Shine Facebook Account

Source & Photo Credit : Htet Aung Shine Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။