သရုပ်ဆောင် မင်းသမီးချောလေး ယုသန္တာတင်ကတော့ ပိန်ပါးကျစ်လစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး အမြဲ သွက်လပ်လန်းဆန်းနေတဲ့ ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝ ရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ ယုသန္တာတင်က ဗီဒီယို ဇာတ်ကားအတော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း များစွာ ရိုက်ကူးနေရတဲ့ သူလေးပါ.....။

Photo credit - Yu Thandar Tin's fb account
Photo credit - Yu Thandar Tin's fb account

ပြည်တွင်း ပြည်ပ ခရီးစဥ်တွေကို ဆက်တိုက်သွားရောက် လည်ပတ်လေ့ရှိတဲ့ သူမက ယခုမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါတွေကြောင့် အိမ်မှာနေပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း တစ်နေ့တစ်မျိုးမရိုးရအောင် ပုံစံအသစ်အဆန်းလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံလေးတွေနဲ့ ဟာသ Tiktok videoလေးတွေကို သူမရဲ့ လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာလည်းဖြစ်ပါတယ်.....။

Photo credit - Yu Thandar Tin's fb account
Photo credit - Yu Thandar Tin's fb account

ယနေ့မှာလည်း ယုသန္တာတင်က 2020ရဲ့ စနိုးဝိုက်မင်းသမီးလေးရဲ့ ပုံရိပ်လေးကို အပျော်သဘောနဲ့ စနောက်ကာ လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ယုသန္တာတင်ကတော့ ချစ်ပရိသတ်ကြီး ပျော်စေရန်အတွက် တင်ပေးလါတဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ ချစ်ပရိသတ်တွေက ယုသန္တာတင်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Yu Thandar Tin's fb account
Photo credit - Yu Thandar Tin's fb account

Source & Photo credit - Yu Thandar Tin's fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။