ပရိသတ်ကြီးရေ မင်းသမီးချောလေး ယုသန္တာတင် ကတော့ အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတာဖြစ်ပါတယ်။ သူမဟာ သွယ်လျကျစ်လျစ်တဲ့ သေးသေးသွယ်သွယ် ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မြန်မြန်ဆန်ဆန် အဝတ်အစားလေးတွေဝတ်ရင် သူမခန္ဓာကိုယ်နဲ့ လိုက်ဖက်ပြီး ချစ်စရာကောင်း သူဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။

Photo Credit - Yu Thandar Tin
Photo Credit - Yu Thandar Tin

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေအကြိုက်တွေ့စေခဲ့တဲ့ ဇာတ်ကားတွေပဲဖြစ်ခဲ့ပါတယ်။ ယုသန္တာတင် ဟာ ယနေ့အချိန်ထိ ပင်ကိုယ်အလှတရားတွေကတော့ နုပျိုနေဆဲဖြစ်ပြီး ချောမောလှပနေတုန်းပါပဲနော်...။ ယခုမှာဆိုရင်လည်း ပရိသတ်တွေ အလွမ်းပြေဖြစ်အောင် အိမ်မှာနေရင်း tik tok ဆော့ထားတဲ့ ဗီဒီယို လေးကိုတင်ပေးလာခဲ့ပါတယ်။

Photo Credit - Yu Thandar Tin

ဒီဗီဒီယိုလေးထဲမှာလည်း အမိုက်စားဖက်ရှင်ဝတ်စုံလေးတွေကို အထာကျကျဝတ်ပြီး မတူညီတဲ့ အိုက်တင်တွေ နဲ့ ချစ်စရာကောင်းလောက်အောင် ဆော့ထားတာဖြစ်ပါတယ်။ တစ်မျိုးလေး လှသွေးကြွယ်နေပြီး လွတ်လပ်ပေါ့ပါးကာ tik tok ဆော့နေတဲ့ ယုသန္တာတင် ရဲ့ ဗီဒီယိုလေးကို အသည်းလေးတွေပေးခဲ့ဦးနော်..။ကဲ...ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ အလွမ်းပြေဖြစ်အောင် မင်းသမီးချောလေး ယုသန္တာတင် ရဲ့ tik tok ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yu Thandar Tin

Source - Yu Thandar Tin's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။