အရပ်ရှည်ရှည်နဲ့ စမတ်ကျပြီး မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ဖမ်းစားထားနိုင်တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်မင်းခန့် ပဲ ဖြစ်ပါတယ်။ အောင်မင်းခန့်က အနုပညာလောကထဲကို ဝင်ရောက်လာတာမကြာသေးပေမယ့် သူ့ရဲ့ ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပါ။ သူက MRTV -4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်လေ့ရှိပြီး ကြော်ငြာတွေကိုလည်း လက်ခံရိုက်ကူးနေရသူပါ။

Photo credit - Aung Min Khant's facebook account
Photo credit - Aung Min Khant's facebook account

လတ်တလောမှာတော့ အနုပညာလှုပ်ရှားတွေကို အောင်မင်းခန့်က ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ အိပ့်လိုက်စားလိုက်နဲ့ အချိန်ကုန်နေသူပဲ ဖြစ်ပါတယ်။ အိမ်ထဲမှာပဲ နေရလို့ အရင်ကထက် ပြည့်ပြည့်ဖြိုးဖြိုးနဲ့ ခန့်ညားလှပလာတဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို တင်ပေးလေ့ရှိနေတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း အိမ်မှာနေရင်း ဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။

Photo credit - Aung Min Khant's facebook account
Photo credit - Aung Min Khant's facebook account

ချောမောခန့်ညားတဲ့ အောင်မင်းခန့်ရဲ့ ပုံရိပ်လေးတွေအပြင် " Hello ချစ်ဆုံးတို့ အရမ်းလွမ်းလို့ post တင်ပီ နှုတ်ဆက်လိုက်ပါတယ် ဝလာတယ်လို့ပြောရင်စိတ်ဆိူးမှာ " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း အောင်မင်းခန့်ရဲ့ ပုံလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။ အရင်ကထက်ပိုကြည့်ကောင်းပြီး ခန့်ချောကြီးဖြစ်လာတဲ့ အောင်မင်းခန့်ရဲ့ ပုံလေးတွေကို ကြည့်ပြီး ချစ်ပရိသတ်ကြီးက အသည်းလေးတွေ ပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်...... ။

Photo credit - Aung Min Khant's facebook account
Photo credit - Aung Min Khant's facebook account

Source & Photo credit - Aung Min Khant's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။