Chinese 8 Ball ပြိုင်ပွဲကို မြန်မာ Pool ကစားသမား ဘုန်းမြင့်ကျော်ဟာ ကမ္ဘာ့ချန်ပီယံဟောင်း တရုတ်ကစားသမားလီဟိုင်ထောင်ကို အနိုင်ရရှိခဲ့ပြီး ရှုံးကြွေးဆပ်နိုင်ခဲ့ပါတယ်။ဘုန်းမြင့်ကျော်ကတော့ " ဒီနေ့ရှုံးကြွေးဆပ်နိုင်ခဲ့ပီတကယ် သူ့ကိုနိုင်ဖို့ကျွန်တော့်အတွက်အရမ်းခက်ခဲပါတယ် ဘာလို့တုန်းဆိုတော့သူကအတွေ့ကြုံကိုယ့်ထက်များပီး World ချံပီယံလည်းဖြစ်ပါတယ် ပီးတော့ကစားကွက်ကလည်းအတူတူဘဲကျနော်အတွက်က ဒီချိန်မှာ အဓိကလိုနေတာက ခွန်အားတွေပါ  "ဆိုပြီးရေးသားထားပါတယ်။

photo credit : ko ar ti ' s facebook acc
photo credit : ko ar ti ' s facebook acc

ဘုန်းမြင့်ကျော်ကတော့ " ဒီခွန်အား တွန်းအားတွေကဘဲ ကျနော့ကို အင်အားတွေဖြစ်စေပြီး နိုင်ပွဲအဖြစ် ပြောင်းလဲပစ်နိုင်တာပါတကယ်ပါကျေးဇူးအများကြီးတင်ပါတယ်ဗျာ အခုလိုနိုင်ပွဲရဖို့အတွက်ကျွန်တော်ကိုအားပေးနေတဲ့မြန်မာကပရိတ်သတ်တွေ ဘေးရန်ကင်းပီးလူကျန်းမာစိတ်ချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဆက်လက်ပီးလည်းအားပေးပါအုန်းလို့တောင်ဆိုပါတယ်ခမျာ့ တကယ်အားဖြစ်စေလို့ပါ "ဆိုပြီးရေးသားထားပါတယ်။

photo credit : ko ar ti ' s facebook acc
photo credit : ko ar ti ' s facebook acc

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်ဟာ  Chinese 8 Ball ပြိုင်ပွဲကြီးတွင် ဆက်တိုက်အနိုင်ရရှိခဲ့သော မြန်မာ့လက်ရွေးစင်ပူးလ်ကစားသမား ဘုန်းမြင့်ကျော်အား အား ဂုဏ်ပြုဆုငွေ ကျပ် (၁၅) သိန်းပေးအပ်ခဲ့ပါတယ်။ ဘုန်းမြင့်ကျော်က "မြန်မာနိုင်ငံဘိလိယက်စနူကာအဖွဲ့ချုပ်မှ ကျွန်တော်အားဆုချီးမြှင့်ပေးပါသောကြောင့်အထူးဘဲကျေးဇူးတင်ရှိပါတယ်ခမျာ့အခုလိုအသိမှတ်ပြုချီးမြှင့်ခံရလို့လည်းအတိုင်းအထက်မသိဝမ်းသာအားရပါတယ်ခမျာ့ ကြိုးစားရကြိုးလည်းနပ်ပါတယ်ဗျာ,ဆက်လက်ပီးလည်းကြိုးစားသွားပါ့မယ်ခမျာ  "ဆိုပြီးရေးသားထားပါတယ်။

source : ko ar ti ' s facebook acc

photo credit : ko ar ti ' s facebook acc
photo credit : ko ar ti ' s facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။