ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ပရိသတ်ကိုအကြိုက်တွေ့စေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကြီးတွေကိုလည်း ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက် ကိုတော့ သိကြမယ်ထင်ပါတယ်။ ကိုပေါက် ကတော့ အနုပညာလောကမှာ ဆွယ်စုံရ အနုပညာရှင်တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်...။ ကိုပေါက် ဟာဆိုရင် အမြဲလိုလို ပျော်ပျော်ရွှင်ရွှင် နေတက်သလို စိတ်သဘောထား ပြည့်ဝတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

ယခုမှာဆိုရင်တော့ ကိုပေါက်ဟာ သူငယ်ချင်းဖြစ်သူ ပြေတီဦး ရဲ့ ဆေးထိုးကြမ်းခဲ့တာကြောင့် ဇနီးဖြစ်သူရဲ့ စောင့်ကြည့်ခံနေရပြီလည်းဖြစ်ပါတယ်။ မကြာသေးမှီ မေလ ( ၁ )ရက်နေ့ကStay Home အချိန်လေးမှာ Sky Net Teen Channel မှာတိုက်ရိုက်ထုတ်လွှင်ပြသခဲ့တဲ့ ငယ်ကျိုးငယ်နာ ဖော်ပွဲမှာ သူငယ်ချင်းတွေဖြစ်တဲ့ ပြေတီဦး နှင့် ဒါရိုက်တာ ညိုမင်းလွင် တို့ကတော့ အချင်းချင်းတစ်ယောက်နဲ့တစ်ယောက် ငယ်ကျိုးငယ်နာဖော်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit - Aung Min Naing
Photo Credit - Aung Min Naing

အဲ့လိုငယ်ကျိုးငယ်နာဖော်ပွဲမှာ ပြေတီဦးရဲ့ ဆေးထိုးကြမ်းခဲ့တာကြောင့် ဇနီးဖြစ်သူရဲ့ စောင့်ကြည့်ခြင်းခံနေရတဲ့ ကိုပေါက်ကတော့ " ပြေတီဦး ပျော်မှပျော်ပါရဲ့လားလို့အရင်က သူ့ဟာသူ အခန်းထဲမှာသော်၎င်း၊အောက်ထပ်မှာသော်၎င်း ဖုန်းထဲကဇာတ်ကားတွေကြည့်တာ အခုများမခန့်ချက်က အလုပ်စာပွဲရှေ့ ငုတ်တုတ်ကြီးဗျား " ဆိုပြီး ကိုပေါက်ရဲ့ Facebook ပေါ်မှာလည်းရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ ဆေးထိုးကြမ်းတဲ့ ပြေတီဦး ကြောင့် အိမ်မှာခြေချုပ်မိနေတဲ့ ကိုပေါက် အကြောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Aung Min Naing

Source - Aung Min Naing's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။