ပရိသတ်ကြီးရေ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တစ်ယောက်ဖြစ်သလို ဧရာဝတီဖောင်ဒေးရှင်းကို ဦးစီးလုပ်ကိုင်နေတဲ့ ဦးဇော်ဇော် ဟာ နိုင်ငံနှင့်လူမျိုးအတွက် တစ်တောင့်တစ်နေရာကနေ အကျိုးပြုနေတဲ့ လေးစားစရာကောင်းတဲ့ သူပဲဖြစ်ပါတယ်။ ယခုတစ်ခါမှာလည်း အသက် ၆၀ နှစ်အထက် မြန်မာ့လက်ရွေးစင် ကစားသမားဟောင်းများနှင့် ဒိုင်လူကြီးဟောင်းများ နေထိုင် စားသောက်မှု အဆင်ပြေစေရေး အတွက် တစ်ဦးလျင် 5KG ဆန်နှစ်အိတ်စီနှင့် ငွေကျပ် တစ်သိန်းစီအား ဧရာဝတီ ဖောင်ဒေးရှင်းက ပေးအပ်လှူဒါန်းခြင်းကို မေလ( ၄ )ရက်နေ့ မွန်းလွဲ(၁)နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်တွင် ကျင်းပခဲ့ပါတယ်။

Photo Credit - U Zaw Zaw
Photo Credit - U Zaw Zaw

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် မက်(စ်)မြန်မာ၊ ဧရာဝတီ ဖောင်ဒေးရှင်းတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မြန်မာ့လက်ရွေးစင်ဟောင်းများအသင်း ဥက္ကဋ္ဌ ဦးသန်းတိုးအောင်နှင့် အဖွဲ့ဝင်များက လက်ရွေးစင် ကစားသမားဟောင်းများ၊ ဒိုင်လူကြီးဟောင်းများ စုစုပေါင်း (၁၇၀)ဝန်းကျင် အတွက် ပေးအပ်လှူဒါန်းခဲ့ပါတယ်။ မြန်မာလက်ရွေးစင်ဟောင်းများ အသင်း၏ အစီအစဉ်ဖြင့် နေအိမ်များသို့အိမ်အရောက် ပေးပို့ လှူဒါန်းသွားမယ်လို့လည်းသိရပါတယ်။

Photo Credit - U Zaw Zaw
Photo Credit - U Zaw Zaw

ဒါ့အပြင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် တည်ထောင်ထားသည့် ဧရာဝတီ ဖောင်ဒေးရှင်းအနေဖြင့် COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်နိုင်ရေး လုပ်ငန်းစဉ်များတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျက် ရှိပြီး ငွေကြေးနှင့် ဆေးဝါးများ၊ ကုသရေးစက်ပစ္စည်းများ၊ ဆန်နှင့် ထောက်ပံ့ပစ္စည်းများ၊ အခြားလိုအပ်သည့် ကူညီပံ့ပိုးမှုများကို ဆေးရုံများနှင့် အကူညီ လိုအပ်နေသည့် နေရာဒေသ အသီးသီးသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Photo Credit - U Zaw Zaw
Photo Credit - U Zaw Zaw

Photo Credit - U Zaw Zaw

Source - U Zaw Zaw's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။