ပရိသတ်ကြီးရေ တေးသံရှင်မီးမီးခဲကတော့ အနုပညာလောကထဲမှာ ဆယ်စုနှစ်မကလျှောက်လှမ်းခဲ့ပြီး ယနေ့အချိန်မှာလည်း အနုပညာအလုပ်တွေကို အနည်းအကျဉ်းသာလုပ်ဆောင်နေတာဖြစ်ပါတယ်။မီးမီးခဲရဲ့ တေးသီချင်းလေးတွေကတော့ ယနေ့အချိန်ထိတိုင်အောင်မြင်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်းကြိုက်နှစ်သက်ကြပါတယ်။မီးမီးခဲက လက်ရှိမှာဆိုရင် ဩစတေးလျမှာမိသားစုနဲ့အတူနေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page

လတ်တလောမှာဆိုရင်တော့ မီးမီးခဲက ကင်ဆာဆေးတွေကြောင့် ညာဖက်ခြေထောက်စိုးရိမ်ရတဲ့အတွက် ဆေးရုံတက်လိုက်ရတာဖြစ်ပါတယ်။သူမကိုချစ်ကြတဲ့ပရိသတ်တွေကလည်း အမြန်ဆုံးပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးကြပြီး မီးမီးခဲကိုယ်တိုင်ကလည်း အပြုံးမပျက်ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။ဒီလိုအခြေအနေမှာ စိတ်ဓာတ်မကျသွားဘဲ ကြံ့ကြံ့ခိုင်ရင်ဆိုင်နေတဲ့ သူမရဲ့စိတ်ဓာတ်က လေးစားစရာပါနော်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page

မီးမီးခဲရဲ့သားငယ်လေး Napolion လေးက (၃)နှစ်ပြည့်သွားပြီဖြစ်ပြီး သားသားလေးအတွက် မွေးနေ့ကိတ်လှလှလေးကို မေမေမီးမီးခဲကစီစဉ်ပေးခဲ့တာဖြစ်ပါတယ်။မီးမီးခဲက ဆေးရုံတက်နေရတာကြောင့် Video Callနဲ့ပဲပျော်ကြပြီး"အမေပေးတဲ့မွေးနေ့ကိတ်လေး သားကကြိုက်လို့မေမေ့မှာပျော် အပြင်မှာမတွေ့ရပေမဲ့ နှလုံးသားချင်း ဆက်နေပါတယ်လေ.."ဆိုပြီး ပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page

Source&Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။