ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင်မှုတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားတဲ့အပြက် ပရဟိတအလုပ်တွေကို ပြုလုပ်နိုင်လွန်းလို့ ပရိသတ်တွေ လေးစားချစ်ခင်နေရသူကတော့ ဦးကျော်သူပဲ ဖြစ်ပါတယ်နော်..။

တချိန်က လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့တဲ့အပြင် အနုပညာအလုပ်တွေကို အချိန်တခုအထိ ရပ်နားကာ ပရဟိတအလုပ်တေဖ်ကိုသာ ဥွးစားပေးဘုပ်ဆောင်လာခဲ့တဲ့ ဦးကျော်သူကတော့ နာရေးကူညီမှုအသင်းကိုလည်း တည်ထောင်ထားပြီး လက်ရှိမှာလည်း ပြည်သူတွေအတွက် ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ကူညီလုပ်ဆောင်နေတာလည်း ပရိသတ်တွေ အသိပါပဲနော်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

ဦးကျော်သူကတော့ အခုလို Covid-19 ကပ်ရောဂါဆိုးကြီး ဖြစ်ပွားနေတာကြောင့် Stay Home နေရတဲ့အချိန်မှာတောင် ပြည်သူတွေအတွက် ကိုယ်တိုင်အပင်ပန်းခံကာ ပရဟိတအလုပ်တွေကို အားသွန်ခွန်စိုက်ပြုလုပ်နေပြီး နာရေးကူညီမှုတွေ ပြုလုပ်နေပါတယ်နော်..။

ဒီကနေ့မှာ ကွန်လွန်သွားတဲ့ ပြည်သူနှစ်ဦးရဲ့ ရုပ်ကလာပ်ကို ကိုယ်တိုင်သယ်ကာ နိဗ္ဗာန်ယာဉ်လည်း ကိုယ်တိုင်မောင်းနှင်ပြီး ရေဝေးသုဿာန်ကို ပို့ဆောင်ပေးကာ နာရေးကူညီမှု ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

သရုပ်ဆောင်မင်းသားချောဖြစ်တဲ့ ထွန်းကိုကိုနဲ့အတူ အခုလိုကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ဦးကျော်သူပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ ပရိသတ်တွေကလည်း အားပေးစကားလေးတွေ ပြောထားတာလည်း တွေ့မြင်ရမှာပါနော်..။

ကဲ.. ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ပရဟိတအလုပ်တွေကို ကိုယ်ကျိုးစွန့်ကာ စွမ်းစွမ်းတမံလုပ်ဆောင်ကာ ကုသိုလ်ယူနေတဲ့ ဦးကျော်သူတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account
Photo Credit - Kyaw Thu's FB Account

Source & Photo Credit - Kyaw Thu's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။