Rap သီချင်းလေးကို ခပ်မြန်မြန်လေးရွတ်ဆိုပြလေ့ရှိပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုတွေကို ရရှိထားသူကတော့ အဆိုတော်မလေး Bobby Soxer ပဲ ဖြစ်ပါတယ်။ သူမရဲ့ သီချင်းဟောင်းလေးတွေဟာလည်း ပရိသတ်တွေကြားမှာ ယနေ့ချိန်ထိ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။ ထက်ထက်ဟာ သီဆိုတဲ့ သီချင်းတိုင်းကို ကိုယ်တိုင်ဖန်တီး ရေးသားသီဆိုသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account

သူမရဲ့ စကားပြောတဲ့ အမူအရာလေးတွေကိုလည်း အားလုံးက ချစ်မဝဖြစ်နေကြတာပါ။ ဒါ့အပြင် ဖက်ရှင်လေးတွေကိုလည်း ခပ်မိုက်မိုက်လေး ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးချင်းတောင် ငေးမောယူနေရတာပဲ ဖြစ်ပါတယ်။ ထက်ထက်ဟာ လတ်တလော Home Stay ကာလလေးမှာ အိမ်မှာနေရင်း Tik Tok လေးတွေ ဆော့ကစားဖြစ်နေတာ ပဲ ဖြစ်ပါတယ်။ 

Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account
Photo Credit- Htet Htet Aung’s Facebook Account

မနေ့ညကလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ Tik Tok Video လေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ " ၁နေ့ vdo ၁ခုပဲရိုက်နိုင်တယ် အသက်ကစကားပြောလာပြီ lol " ဆိုပြီး ရေးသားထးတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကြည့်ရှုခံစားနိုင်အောင် အမိုက်စားကကွက်တွေနဲ့ မရိုးရအောင်ကပြထားတဲ့ Bobby Soxer ရဲ့ Tik Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit - Htet Htet Aung’s Facebook Account  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။