ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင်မင်း သမီးချောလေး တစ်ယောက်ဖြစ်တဲ့ သံသာမိုးသိမ့် ကိုတော့ ပရိသတ်တွေသိကြမယ်ထင်ပါတယ်။ သံသာမိုးသိမ့် ဟာဆိုရင် လတ်တလော MRTV- 4 မှာ ထုတ်လွှင့်ပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲလေးထဲက မင်းသမီးချောလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ ချစ်စရာကောင်းတဲ့အမူရာလေးတွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

စိတ်သဘောထားပြည့်ဝပြီးအမြဲတမ်းကလေးလေးတစ်ယောက်လိုနေတက်တဲ့သူလေးပဲဖြစ်ပါတယ်။ စကားပြောရင်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတက်တဲ့ သံသာမိုးသိမ့်ကတော့ ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာလည်း အရင်က ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအလွမ်းပြေဖြစ်အောင် တင်ပေးလာခဲ့ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

ဒီပုံလေးတွေထဲမှာတော့ ဟန်ဆောင်မှုကင်းပြီး ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ အချစ်တော်လေး သံသာမိုးသိမ့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကတော့ ပရိသတ်တွေ အချစ်ပိုစေမှာအမှန်ပါနော်..။ ကဲ...ချစ်ပရိသတ်ကြီးရေ ရိုးရှင်းအေးချမ်းတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ သံသာမိုးသိမ့်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Than Thar Moe Theint
Photo Credit - Than Thar Moe Theint

Photo Credit - Than Thar Moe Theint

Source - Than Thar Moe Theint's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။