အနုပညာလောကမှာ အချိန်တိုအတွင်း အောင်မြင်မှုတွေ ရရှိလာသူလေးကတော့ သရုပ်ဆောင် မင်းသမီး ခိုင်သင်းကြည်ရဲ့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးဟာ ပညာရေးတစ်ဖက်နဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မခိုင်လေးရဲ့ သမီးချောလေးမို့ ပိုပြီး ချစ်မဝဖြစ်နေကြတာပါ။

Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account

ထိပ်ထိပ်လေးဟာ အလွန် လိမ္မာရေးခြားရှိတာကြောင့်လည်း မခိုင်လေးတို့ ဇနီးမောင်နှံနှစ်ယောက်လုံးက ကြည်နူးပီတိ ဖြစ်နေရတာလည်း ဖြစ်ပါတယ်။ ထိပ်ထိပ်လေးကတော့ လတ်တလော Home Stay ကာလလေးမှာ အပျင်းပြေ Tik Tok လေးတွေ ဆော့ကစားကာ ပရိသတ်တွေကို ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း သူမရဲ့ Tik Tok အကောင့်လေးမှာ ဗီဒီယို အသစ်လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ 

Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account
Photo Credit- San Htate Htar Oo’s Facebook Account

ဒါကတော့ တစ်မူထူးခြားတဲ့ကကွက်လေးတွေနဲ့ ချစ်စရာကောင်းလောက်အောင်ကနေတဲ့ စံထိပ်ထားဦးရဲ့ Tik Tok Video လေးပဲ ဖြစ်ပါတယ်။ ထိပ်ထိပ်လေးကတော့ သူမရဲ့ လက်ရှိဆံပင်ပုံစံလေးနဲ့ ပိုပြီး ချစ်စရာကောင်းလွန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် စံထိပ်ထားဦးရဲ့ Tok Tok Video လေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- San Htate Htar Oo’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။