ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ဝင့်ယမုံနိုင် ကတော​့ MRTV-4ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး "ကျွန်မက မဟေသီ " ဆိုတဲ့ ဇာတ်လမ်းတွဲလေးထဲမှာ စံမြန်းဆိုတဲ့ ကာရိုက်တာလေးကို ပီပြင်စွာ သရုပ်ဆောင်တက်တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ သူလေးပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာလည်း အနုပညာလှုပ်ရှားမှုတွေကို ကြိုးစားလုပ်ကိုင်နေတဲ့ မင်းသမီးတစ်ယောက်ပါနော်။

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

ကြော်ငြာတွေနဲ့ photo shooting တွေကိုလည်း ကြိုးစားရိုက်ကူးနေတဲ့ ဝင့်ယမုံနိုင်က ပုရိသတို့ အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ ယခုမှာလည်း ဝင့်ယမုံနိုင်က အနုပညာလောကထဲက စီနီယာတစ်ယောက်ဖြစ်တဲ့ နိုင်ငံကျော်မင်းသမီးချော စိုးမြတ်သူဇာနဲ့အတူ အနုပညာလှုပ်ရှားမှုတွေကို အတူတကွ ပူးပေါင်းလုပ်ကိုင်နေရင်း အမှတ်တရဓာတ်ဖမ်းထားတဲ့ ပုံလေးကို သူမရဲ့ လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် တင်ပေးလါတာပဲဖြစ်ပါတယ်။ 

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

သူတို့နှစ်ဦးရဲ့ ချစ်စရာကောင်းတဲ့ ပုံလေးတွေအပြင် ဝင့်ယမုံနိုင်က " ချစ်တဲ့မကြီး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ပရိသတ်ကြီးလည်း မကြီးစိုးနဲ့ ဝင့်ယမုံနိုင်ရဲ့ ပုံလေးတွေကိုကြည့်ပြီး အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ဒါ့အပြင် သူတို့နှစ်ဥ်းရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားတွေကိုလည်း ချစ်ရတဲ့ ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Wint Yamone Naing's facebook page
Photo credit - Wint Yamone Naing's facebook page

Source & Photo credit - Wint Yamone Naing's facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။