တေးသံရှင်မီးမီးခဲဟာဆိုရင် လက်ရှိမှာ ကင်ဆာရောဂါဝေဒနာကိုခံစားနေရပေမယ့် စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့နေထိုင်နေတာဖြစ်ပါတယ်။မီးမီးခဲက မြန်မာပြည်ကို ခေတ္တပြန်လာပြီးတော့လည်း One Lady ရှိုးပွဲကို ကျင်စပပု့လုပ်ခဲ့ပြီး ပရိသတ်တွေကလည်း တစ်ခဲနက်အားပေးနေကြတာဖြစ်ပါတယ်နော်။မီးမီးခဲက ချစ်စရာသားသမီးလေးတွေကိုလည်းပိုင်ဆိုင်ထားလို့ အမြဲပျော်ရွှင်နေရတာဖြစ်ပါတယ်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account

မီးမီးခဲရဲ့သားငယ်လေးကလည်း မနေ့က(၃)နှစ်ပြည့်သွားတာဖြစ်လို့ မေမေမီးမီးခဲက သားလေးအတွက် ကိတ်မုန့်လှလှလေးပို့ပေးခဲ့ပါတယ်နော်။သူမကတော့ ဆေးရုံတက်နေရတာကြောင့် သားလေးရဲ့မွေးနေ့‌လေးမှာ အတူမရှိပေမယ့် Video callလေးတွေပြောခဲ့ကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ မီးမီးခဲကို အမြန်ဆုံးပြန်လည်သက်သာပါစေလို့ ဆုတောင်းပေးနေကြတာပါနော်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account

မီးမီးခဲကလည်း ဆေးရုံတက်နေရစဉ်ကာလမှာ မိမိအတွက်အကျိုးရှိမယ့်အရာလေးတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ မီးမီးခဲက"စေတနာအပြည့်နဲ့ Nursesများနဲ့ တွေ့ရတာ ကြည်နူးစရာပါ"ဆိုပြီး Radiotherapyအခန်းထဲရောက်တုန်း Nursesလေးတွေနဲ့ ပျော်ပျော်ပါးပါးဓာတ်ပုံရိုက်ပြီး ‌ပြုံးရွှင်နေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေလာတာဖြစ်ပါတယ်။

Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account
Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account

Source&Photo Credit:The Real Mee Mee Khel-မီးမီးခဲ Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။