ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ဝါရင့်သရုပ်ဆောင်အနုပညာရှင်ကတော့ အန်ကယ်လေးလို့ အားလုံးကခေါ်ကြတဲ့ အကယ်ဒမီလူမင်းပဲ ဖြစ်ပါတယ်။

အန်ကယ်လေးရဲ့ ချစ်ဇနီးလေး ခင်စံပါယ်ဦးဟာလည်းအရွယ်တင်နုပျိုလှပနေဆဲဖြစ်ပြီး ရိုးရိုးအေးအေးလေးနေထိုင်တတ်သူလည်းဖြစ်ပါတယ်။

Photo credit-Ayarwady Lu Min's Facebook acc
Photo credit-Ayarwady Lu Min's Facebook acc

လူမင်းတို့မိသားစုလေးဟာ အေးအေးချမ်းချမ်းနေထိုင်ကြတဲ့မိသားစုလေးဖြစ်တဲ့အပြင် ချစ်စရာကောင်းပြီးလိမ္မာရေးခြားရှိတဲ့ သားလေးနဲ့သမီးကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

ဒါ့ပြင် အလှူရေစက်လက်နဲ့မကွာလှူဒါန်းကြတဲ့ မိသားစုလေးလည်းဖြစ်ပြီး ဇနီးမောင်နှံနှစ်ယောက်လုံးဟာလည်း သက်ဆိုင်ရာနယ်ပယ်တွေမှာ အောင်မြင်မှုကိုယ်စီရရှိထားကြတာပါ။

Photo credit-Ayarwady Lu Min's Facebook acc
Photo credit-Ayarwady Lu Min's Facebook acc

မကြာသေးမီက လူမင်းရဲ့ဇနီးချောလေးခင်စံပယ်ဦးဟာ သူမရဲ့ပုံလေးတွေကို Facebookစာမျက်နှာတွင် တင်ပေးလာပါတယ်။ အရွယ်တင်နုပျိုနေဆဲဖြစ်ပြီး ကျက်သရေရှိရှိလှတဲ့ သူလေးပါပဲနော်။ ပရိတ်သတ်ကြီးအတွက် ခင်စံပယ်ဦးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Ayarwady Lu Min's Facebook acc
Photo credit-Ayarwady Lu Min's Facebook acc

Source-Ayarwady Lu Min's Facebook acc

Photo credit-Ayarwady Lu Min's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။