အမိုက်စား Body ကြောင့် နှုတ်ခမ်းနီမလေးတွေ ကြွေပြီးရင်း ကြွေနေရသူကတော့ သရုပ်ဆောင် မင်းသားချောလေး အောင်ရဲလင်းပဲ ဖြစ်ပါတယ်။ သူဟာ မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဆောင် လောကကို ဝင်ရောက်လာသူ တစ်ဦးပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်ကျော်တိုင်အောင်လည်း သရုပ်ဆောင်အလုပ်ကို ကြိုးစားပမ်းစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit- deep_ayl’s Instagram Account
Photo Credit- deep_ayl’s Instagram Account
Photo Credit- deep_ayl’s Instagram Account

ဒီနောက်ပိုင်းမှာတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ နည်းလာပြီး ရိုက်ကူးလေ့သိပ်မရှိတဲ့ ကာရိုက်မျိုးတွေသာ ရိုက်ကူးဖြစ်နေတာပဲ ဖြစ်ပါတယ်။ လတ်တလော Home Stay ကာလမှာတော့ မိသားစုနဲ့အတူ အိမ်မှာဘဲ အပန်းဖြေ နေထိုင် ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအတွက်လည်း Gym ပုံမှန် ကစားဖြစ်နေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှု တစ်ချို့ကိုလည်း ပရိသတ်တွေကို ဝေမျှပေးလေ့ ရှိသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit- deep_ayl’s Instagram Account
Photo Credit- deep_ayl’s Instagram Account
Photo Credit- deep_ayl’s Instagram Account

အခုတစ်ခါမှာလည်း သူ့ရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ မြင်လိုက်တာနဲ့နှုတ်ခမ်းနီမလေးတွေတဖြုတ်ဖြုတ် ကြွေကျသွားရအောင် Gym ကစားပြနေတဲ့ အောင်ရဲလင်းရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Credit- deep_ayl’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။