ပရိသတ်ကြီးရေ မင်းသမီး ခင်ဇာခြည်ကျော်ကတော့ တစ်ခေတ်တစ်ခါက အနုပညာလောကမှာ လူကြီး ၊ လူငယ်မရွေးအားပေးချစ်ခင်မှုကို ရရှိထားတဲ့သူပဲဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း ဘယ်လိုဇာတ်ကောင်မျိုးတွေပဲဖြစ်ဖြစ် သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို အရင်ကထက် မလုပ်နိုင်တော့ပေမယ့် ဖြေးဖြေးမှန်မှန် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw
Photo & Video Credit - Khin Zar Chi Kyaw

ဒါ့အပြင် ခင်ဇာခြည်ကျော် ကတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သားနှင့် သမီးလေး နှစ်ယောက်ကလည်း အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလို့လာနေပြီလည်းဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း ခင်ဇာခြည်ကျော် က အိမ်မှာရင်း ချစ်စရာအမူရာလေးတွေနဲ့ tik tok ဆော့ထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw

ဒီဗီဒီယိုလေးထဲမှာလည်း ခင်ဇာခြည်ကျော် ကတော့ လတ်တလောကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါနဲ့ ပတ်သတ်ပြီး ကျန်းမာရေး အသိပညာပေး သီချင်းလေးနဲ့ ဆော့ထားတဲ့ tik tok ဗီဒီယို လေးပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိနုပျိုနေဆဲဖြစ်ပြီး ပင်ကိုယ်အလှတရားတွေကတော့ လွတ်လပ်ပေါ့ပါး နေတာဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီး ခင်ဇာခြည်ကျော် ရဲ့ tik tok ဗီဒီယို လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo & Video Credit - Khin Zar Chi Kyaw

Source - Khin Zar Chi Kyaw's Fcebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။