ချစ်ပရိသတ်ကြီးရေ

မြင်သူတကာ အားကျရတဲ့ ကိုယ်ခန္ဓာအချိုးအစားကို ပိုင်ဆိုင်ထားပြီး လိုက်ဖက်ညီတဲ့ အဝတ်အစားလေးတွေကိုသာ အများဆုံး ဝတ်ဆင်လေ့ရှိတာကြောင့် ပုရိသတို့အသည်းစွဲ အားပေးချစ်ခင်ရတဲ့ အနုပညာရှင် မင်းသမီးချောလေးကတော့ ဆုအိမ့်စံပဲ ဖြစ်ပါတယ်။ သူမက ဗိုလ်ဆန်တဲ့အလှတရားကို ပိုင်ဆိုင်ထားပြီး လူအများအပေါ်မှာလည်း စကားအ​ပြောအဆို ချိုသာဖော်ရွေတာကြောင့် ပရိသတ်တွေရဲ့ ချစ်ခြင်းကို အပြည့်အဝရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်......။

Photo credit - Hsu Eaint San's facebook page
Photo credit - Hsu Eaint San's facebook page

မင်းသမီးချောလေး ဆုအိမ့်စံက ဗီဒီယိုဇာတ်ကားအတော်များများနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်လုပ်ကိုင်နေရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော် ။ လတ်တလောမှာတော့ ဆုအိမ့်စံက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေကို ခေတ္တရပ်ဆိုင်းထားပြီး အိမ်မှာပဲ မိသားစုတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေတာပဲဖြစ်ပါတယ်.....။

Photo credit - Hsu Eaint San's facebook page
Photo credit - Hsu Eaint San's facebook page

အိမ်မှာနေရင်း ချစ်ရတဲ့ ပရိသတ်တွေ အလွမ်းပြေစေရန်အတွက် အပျင်းပြေဓာတ်ဖမ်းထားတဲ့ သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာကနေတဆင့် ပရိသတ်တွေဆီကို မျှဝေပေးလျှက်ရှိနေတာပဲ ဖြစ်ပါတယ်။ ယခုမှာလည်း လှပတဲ့ ပုံလေးတွေကို တင်ပေးလါတာကြောင့် ချစ်ပရိသတ်တွေ ကြည့်ရှုရင်းအသည်းယားမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ဆုအိမ့်စံရဲ့ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်ကြီးက အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့အုန်းနော်....... ။

Photo credit - Hsu Eaint San's facebook page
Photo credit - Hsu Eaint San's facebook page

Source & Photo credit - Hsu Eaint San's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။