သုံးထပ်ကွမ်းအကယ်ဒမီဆုရှင် ဖွေးဖွေးကတော့ အနုပညာလောကထဲကို ဆယ်ကျော်သက်အရွယ်ကတည်းက လျှောက်လှမ်းခဲ့တာဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ အောင်မြင်မှုတွေနဲ့ရပ်တည်နေတဲ့မင်းသမီးတစ်လက်ဖြစ်ပြီး ပရိသတ်အများအပြားကိုလည်း ပိုင်ဆိုင်ထားတာပါနော်။ဖွေးစိန်လေးလို့ သူမရဲ့ချစ်ပရိသတ်တွေက ချစ်စနိုးလေးခေါ်ဝေါ်ကြတာဖြစ်ပါတယ်။

Photo Credit:Phway Phway's IG Acc
Photo Credit:Phway Phway's IG Acc
Photo Credit:Phway Phway's IG Acc

ဖွေးစိန်လေးကတော့ အနုပညာအလုပ်တွေကို ကြိုးကြိုးစားစားလုပ်ဆောင်တာကြောင့် အောင်မြင်မှုရဲ့အသီးအပွင့်တွေကိုလည်းခံစားနေရတာဖြစ်ပါတယ်။မိဘနှစ်ပါးအပေါ်မှာလည်း သိတတ်လိမ္မာပြီး သူမရဲ့အနုပညာကြေးလေးတွေနဲ့လည်း အလှူအတန်းကိုအမြဲတမ်းလိုလိုလုပ်ဆောင်နေတာပါ။ဖွေးစိန်လေးကတော့ သဘောကောင်း၊မနောကောင်းနဲ့စိတ်ထားဖြူစင်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။

Photo Credit:Phway Phway's IG Acc
Photo Credit:Phway Phway's IG Acc

ဖွေးဖွေးကတော့ အခုဆိုရင် အသက်(၃၁)နှစ်ကျော်အရွယ်ကိုရောက်ရှိနေတဲ့ အပျိုကြီးမမတစ်ယောက်ဖြစ်ပေမယ့် နုဖတ်နေတဲ့အလှတရားတွေကမကုန်သွားပါဘူးနော်။အခုဆိုရင်တော့ ဖွေးစိန်လေးက သူမရဲ့အသက်(၁၄)နှစ်တုန်းက ပုံလေးကိုမျှဝေလာပြီး ငယ်ငယ်ကတည်းက အရမ်းချစ်ဖို့ကောင်းနေတာဖြစ်ပါတယ်။ပရိသတ်ကြီးလည်း ဖွေးစိန်လေးရဲ့ ဆယ်ကျော်သက်အရွယ်ကပုံလေးမြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phway Phway's IG Acc
Photo Credit:Phway Phway's IG Acc
Photo Credit: Phway Phway's Facebook page

Source&Photo Credit: Phway Phway's Facebook &IG page/acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။