ပရိတ်သတ်ကြီးရေ.....သွက်လက်တဲ့သရုပ်ဆောင်ချက်လေးတွေနဲ့ ဗီဒီယိုဇာတ်ကားများမှတစ်ဆင့် အနုပညာလောကထဲကိုစတင် ၀င်ရောက်လာခဲ့တဲ့ မင်းသမီးလေး ရွှေမှုံရတီကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာ ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေတဲ့ ဒိတ်ဒိတ်ကြဲမင်းသမီး တစ်ယောက်ဖြစ်ပြီး ယခုဆိုရင်အဆိုတော် ရွှေထူးနဲ့အတူသာယာပျော်ရွှင်ဖွယ်အိမ်ထောင်တစ်ခုကိုပါ တည်ထောင်ထားတာဖြစ်ပါတယ်။ ပရိတ်သတ်တွေကတော့ သူမတို့ဇနီးမောင်နှံကိုရွှေနှစ်ရွှေလို့ ချစ်စနိုးခေါ်ကြတာပါနော်။

Photo credit-Shwe Mhone Yati's Facebook acc
Photo credit-Shwe Mhone Yati's Facebook acc

ရွှေထူးနဲ့ရွှေမှုံရတီတို့စုံတွဲလေးဟာ ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရပေမယ့်လည်း တစ်ဦးနဲ့တစ်ဦးချစ်ခင်ကြင်နာစွာနဲ့ ရှေ့ဆက်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။

ဒါ့ပြင် သူတို့နှစ်ဦးဟာအနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေကြတာဖြစ်ပြီး အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါထူးချွန်ကြတဲ့ သူတွေဆိုလည်း မမှားပါဘူးနော်။

Photo credit-Shwe Mhone Yati's Facebook acc
Photo credit-Shwe Mhone Yati's Facebook acc

ရွှေမှုံဟာ မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် ကမ်းခြေမှာအနားယူနေတဲ့ ခပ်မိုက်မိုက်ပုံလေးတွေကို တင်ပေးလာပါတယ်။ သူမတို့ဇနီးမောင်နှံဟာ လှိုဏ်ဂူကျွန်းကိုအလည်အပတ်‌သွားရောက်ခဲ့ကြတာဖြစ်ပြီး ကျွန်းလေးဟာလည်း အရမ်းလှပြီးရေလေးတွေကြည်နေတာပါနော်။ ပရိတ်သတ်တွေအတွက် ‌ရွှေမှုံရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Shwe Mhone Yati's Facebook acc
Photo credit-Shwe Mhone Yati's Facebook acc

Source-Shwe Mhone Yati's Facebook acc

Photo credit-Shwe Mhone Yati's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။