ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်ဇော် ကတော့ အနုပညာလမ်းကြောင်းမှာ လျှောက်လှမ်းလို့လာနေပြီလည်းဖြစ်ပါတယ်။ လတ်တလောမှာဆိုရင်လည်း MRTV-4 မှာ ထုတ်လွှင့်ပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းတွဲ ထဲမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။သူ့ရဲ့ ဟန်ပန်အမူရာလေးတွေကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ် အားပေးဝန်ရံခြင်းကို ရရှိထားနေတာကိုလည်း တွေ့နေရပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

"အချစ်ဖွဲ့လေညင်း "ဇာတ်လမ်းလေးထဲမှာလည်း မတူညီတဲ့ ဇာတ်ရုပ်နှစ်မျိုးဖြင့် သရုပ်ဆောင်ထားတာလည်းဖြစ်ပါတယ်။ ကျာ်ထက်ဇော်ဟာ ဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး ရိုက်ကွင်းနောက်ကွယ်က အမှတ်ပုံရိပ်တချို့တွေကိုလည်း နေ့စဉ်အမြဲ ဆိုသလိုဖော်ပြပေးလေ့လည်း ရှိပါတယ်။ ယခုတစ်ခါမှာလည်း ချစ်ပရိသတ်တွေအတွက် အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Kyaw Htet Zaw
Photo Credit - Kyaw Htet Zaw

ဒီပုံလေးထဲမှာတော့ အမိုက်စားဖက်ရှင်ဝတ်စုံလေးကို အထာကျကျ ဝတ်ဆင်ပြီး တည်ကြည်ခန့်ညားမှုအပြည့်နဲ့ ညို့အားပြင်းပြင်း ဖမ်းစားထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျော်ထက်ဇော်ကတော့ " ကိုယ်ချစ်တဲ့ သူကို ချစ်ရင်ချစ်တယ် ဖွင့်ပြောလိုက်နော် ရောင်နီလိုမဖြစ်စေနဲ့ " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုတစ်ခါမှာတော့ မင်းသားချောလေး ကျော်ထက်ဇော် ရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးတွေကို သဘောကျကြိုက်နှစ်သတ်မယ်လို့ မျှော်လင့်မိပါတယ်။

Photo Credit - Kyaw Htet Zaw

Source - Kyaw Htet Zaw Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။