ပရိသတ်ရင်ထဲကို ထူးချွန်ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေနဲ့ အချိန်ခဏလေးအတွင်းမှာ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့တဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ပဲ ဖြစ်ပါတယ်။ ခင်သဇင်က ပိန်ပါးကျစ်လစ်တဲ့ ခန္ဓာကိုယ် အချိုးအစားကို ပိုင်ဆိုင်ထားပြီး မျက်နှာလေးကလည်း ကလေးလေးတစ်ယောက်လိုချစ်စရာကောင်းစွာ လှနေတာကြောင့် ပုရိသယောကျာ်လေး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများသာမကပဲ မိန်းကလေးပရိသတ်တွေကပါ အားပေးချစ်ခင်နေကြတာပဲဖြစ်ပါတယ်..... ။

Photo credit - Khin Thazin's Facebook page
Photo credit - Khin Thazin's Facebook page

ခင်သဇင်က ဗီဒီယို ဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး MRTV -4ဇာတ်လမ်းတွဲတွေမှာလည်း ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နေသူပဲ ဖြစ်ပါတယ် ။ မင်းသမီးချောလေး ခင်သဇင်က လတ်တလောမှာတော့ MRTV - 4 မှာ ထုတ်လွှင့်ပြသနေတဲ့ " အချစ်ဖွဲ့လေညင်း " ဇာတ်လမ်းတွဲလေးထဲမှာ မိုးကလျာဆိုတဲ့ ဗီလိန်နေရာကနေသရုပ်ဆောင်ထားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဇာတ်လမ်းရဲ့အနှစ်အသာကို အပြည့်အဝပုံဖော်ထားတာဖြစ်လို့ ပရိသတ်တွေကလည်း စွဲမက်စွာအားပေးနေတာလည်း ဖြစ်ပါတယ်။ 

Photo credit - Khin Thazin's Facebook page
Photo credit - Khin Thazin's Facebook page

မကြာခဏဆိုသလို ဇာတ်လမ်းတွဲ​လေးထဲက အမှတ်တရအဖြစ်အပျက် ပုံရိပ်လေးတွေကို မျှဝေပေးလျှက်ရှိတဲ့ သူမက ယခုမှာလည်း ပရိသတ်တွေဆီကို လှပတဲ့ ပုံလေးတွေကို တင်ပေးလါတာလည်း ဖြစ်ပါတယ်။ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိ လှနေတာကြောင့် ပရိသတ်တွေ အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးထဲက ဗီလိန်မလေးဖြစ်တဲ့ မိုးကလျာကိုလည်း ချစ်ရတဲ့ ပရိသတ်ကြီးက အားပေးလိုက်ကြပါအုန်းနော်...... ။ 

Photo credit - Khin Thazin's Facebook page
Photo credit - Khin Thazin's Facebook page

Source & Photo credit - Khin Thazin's Facebook page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။