ပရိသတ်ကြီးရေ သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ လက်ရှိမှာဆိုရင် အနုပညာအလုပ်တွေကိုလုပ်ကိုင်တာမတွေ့ရတော့ပေမယ့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြဆဲဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်ကလည်း အရမ်းလှပပြီး ကလေးသုံးယောက်အမေလို့ထင်ရက်စရာမရှိပါဘူးနော်။ပိုင်ဇေရဲထွန်းကတော့ ချစ်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ဇင်သဲနိုင်ကလည်း အိမ်ထောင်ရှင်မကောင်းတစ်ယောက်ပီသပြီး ယခု Stay homeကာလတွေမှာလည်း သားသမီးတွေနဲ့ချစ်ခင်ပွန်းကို ဖွယ်ဖွယ်ရာရာတွေချက်ပြုတ်ကျွေးပြီး မိသားစုတွေနွေးနွေးထွေးထွေးနဲ့ပျော်ရွှင်နေကြတာပါ။ဇင်သဲနိုင်ကတော့ အိမ်မှာနေရင်းအကျိုးရှိအောင်လို့ သရက်သီးတွေပေါ်နေတဲ့ကာလမှာ ကိုယ်တိုင်သရက်သီးတွေသွားခူးပြီး ရောင်းချနေတာဖြစ်ပါတယ်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

အခုဆိုရင်လည်း သူမကျွမ်းကျင်တဲ့ပညာရပ်တွေထဲကမှ ပေါင်မုန့်ဖုတ်တာကိုလည်း လုပ်ဆောင်ပြီး အနယ်နယ်အရပ်ရပ်ကမှာကြတဲ့ Customersတွေဆီကို ပို့ဆောင်ပေးနေတာဖြစ်ပါတယ်။ဇင်သဲနိုင်ကတော့ ကိုယ်တိုင်ဖုတ်ထားတဲ့ပေါင်မုန့်လေးတွေကို လှလှပပလေးထုတ်ပိုးနေပြီး အိမ်နေရင်းပုံစံလေးနဲ့တောင် လှနေတဲ့သူမပုံရိပ်လေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

Source&Photo Credit:Zin Thae Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။