ပရိသတ်တွေရဲ့ အချစ်တော် အဆိုတော်သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှောက်လှမ်းနေသလို ချစ်စရာကောင်းတဲ့ သမီးလေးနဲ့အတူ ကြည်နူးစရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ပါတယ်..။

အမိုက်စားသီချင်းကောင်းလေးတွေ အမြဲဖန်တီးတတ်ပြီး အဆိုပိုင်းမှာ ထူးချွန်အောက်မြင်သလို သရုပ်ဆောင်ပိုင်းမှာ ပရိသတ်တွေရဲ့အားပေးဂန်းရံမှုတွေ ရရှိထားတဲ့ ဒီဒီးကတော့ အခုဆိုရင် သမီးလေးကို အချိန်ပိုပေးဖြစ်နေကာ အနုပညာအလုပ်တွေကိုလည်း မလစ်ဟင်းအောင် အကောင်းဆုံးကြိုးစားလုပ်ဆောင်နေတာလည်း ပရိသတ်တွေ တွေ့ရမှာပါနော်..။

Photo Credit - Sandy Myint Lwin's FB Page
Photo Credit - Sandy Myint Lwin's FB Page

ဒီဒီးရဲ့ သမီးလေး treasure လေးကတော့ ပါးပြည့်ပြည့်ဖောင်းဖောင်း ဝဝကစ်ကစ်လေးနဲ့ အသည်းယားစရာကောင်းလွန်းလို့ ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတွေအပြင် ပရိသတ်တွေကပါ သည်းသည်းလှုပ်ချစ်ခင်နေကြတဲ့ ပြည်သူအသည်းကျော်လေးလည်း ဖြစ်ပါတယ်နော်..။

အားလုံးက treasure လေးလို့ ချစ်စနိုးခေါ်ကြတဲ့ သုမရဲ့ ချစ်စရာသမီးလေးကို ခင်လင်းထင်လို့ နာမည်လှလှလေးပေးထားပြီး သူမရဲ့တူလွန်းတဲ့ သမီးလေးကိုလည်း ချစ်မဝဖြစ်ကာ တရိပ်တကြည့်ကြည့် ကြည့်ရင်း ကြည်နူးပီတိလေးတွေနဲ့ ဆုံးမစကားလေး ဆိုလိုက်ပြန်ပါတယ်နော်..။

Photo Credit - Sandy Myint Lwin's FB Page
Photo Credit - Sandy Myint Lwin's FB Page
Photo Credit - Sandy Myint Lwin's FB Page

"မေမေ့သမီးလေး မတ်တပ်စမ်းနေပြီ။

မကြာခင်မှာ လမ်းစ လျှောက်တော့မယ်။

လျှောက်ရင်း လျှောက်ရင်း ဘဝတွေထဲကိုတိုးဝင်ရတော့မယ်.."ဆိုပြီး စချီကာ သမီးလေးရဲ့ အမှတ်တရပုံလေးနဲ့အတူ သမီးလေးအတွက် ကြည်နူးပီတိဖြစ်စရာ ဆုံးမစကားလေးနဲ့ အမှတ်တရစကားလေးကိုလည်း ဒီဒီးက ကြည်ကြည်နူးနူးလေး ရေးသားပြောပြထားပါသေးတယ်..။

"သမီးလေးရေ .....

သမီးလေးသိထားဖို့က တစ်ချိန် ဘဝကြီးထဲကို စဝင်တဲ့အခါ အမြဲတမ်း ပန်းခင်းလမ်းကြီးပဲရှိနေမှာ မဟုတ်ဘူးနော်။

တစ်ခါတစ်ရံ ခက်ခဲ ပင်ပန်းရတာမျိုးလည်း ကြုံရတတ်တယ် သမီးလေးရေ။

အဲ့လို ဘဝထဲ ကိုယ့်ခြေထောက်ပေါ်ရပ်ပြီး

ဝင်လျှောက်လှမ်းတဲ့အခါမှာ သမီးကို လိုသူတွေ၊ မလိုသူတွေ၊ တွန်းချချင်သူတွေ တွန်းတင်ပေးချင်သူတွေရော တွေ့ရမှာပဲ သမီး။

သမီးလေးကို မေမေမှာချင်တာက လူတွေဆိုတာ လူအမျိုးမျိုး စိတ်အထွေထွေရှိကြတာပဲ။ ရင်ဘတ်နဲ့ပေါင်းသင်းကြသူတွေရှိသလို အပေါ်ယံတွေလည်း အများကြီးပဲ သမီးရေ။

အပေါ်ယံတွေနဲ့ ကြုံလာရတဲ့အခါ သူတို့အတွက် လိုက်ခံစားပေးရင်း ကိုယ်တိုင် လဲမကျမသွားရဘူးနော် ။

ကိုယ်ကသာ မှန်နေပါစေ။

ဘယ်တော့မှ ဘယ်သူ့ကိုမှ စကားတွေအများကြီး ပြောစရာမလိုပဲ လူကြားထဲ ရင်ကော့ခေါင်းမော့ပြီး ဘဝထဲကို ပြုံးပြုံးလေးသာ ဝင်သွားပါ။ ကိုယ်မှန်ရင် ခေါင်းမရွေ့ပါဘူး သမီးလေးရေ။

အချိန်တန်ရင် လူတိုင်းဟာ သူတို့နဲ့ ထိုက်တဲ့ သူတို့လမ်း သူတို့ သွားရတာပါ။

ခင် ဆိုတာ မိန်းကလေးတဲ့။

"ခင်လင်းထင်" ဆိုတဲ့ မေမေ့သမီးလေးကို မေမေက လူ့လောက အလယ်မှာ ကိုယ်ခြေထောက်ပေါ်ရပ်ပြီး ကိုယ်ပိုင်အရည်အချင်း အလင်းရောင်တွေနဲ့ ထင်ထင်ရှားရှား တောက်ပနေတဲ့ တန်ဖိုးရှိတဲ့ မိန်းကလေးတစ်ယောက် ဖြစ်စေချင်တာပါ သမီးလေးရေ။

မေမေ့သမီးလေး မတ်တပ်စရပ်တဲ့အမှတ်တရ.." ဆိုပြီး မိခင်တစ်ယောက်ရဲ့ အေးချမ်းလွန်းတဲ့ မေတ္တာတွေနဲ့ ကြည်နူးစွာ ရေးသားထားတာပဲ ဖြစ်တာမို့ တကယ်ကို ပီတိဖြစ်စရာလေးပါပဲနော်..။

Photo Credit - Sandy Myint Lwin's FB Page
Photo Credit - Sandy Myint Lwin's FB Page
Photo Credit - Sandy Myint Lwin's FB Page

Source & Photo Credit - Sandy Myint Lwin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။