ပရိသတ်ကြီးရေ မင်းသားချော နိုင်းနိုင်း ဟာဆိုရင် တစ်ခေတ်တစ်ခါက အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ နိုင်းနိုင်းရဲ့ သရုပ်ဆောင်ပိုင်းမှာလည်း သဘာဝကျကျ ဘယ်လိုဇာတ်ကောင်မျိုးကိုမဆို သရုပ်ဆောင်နိုင်တာကို တွေ့ရပါတယ်။ ယနေ့အချိန်ထိ လူငယ်တစ်ယောက်လို တည်ကြည်ခန့်ညားပြီး နုပျိုနေတာကိုလည်းတွေ့ရပါတယ်။

Photo Credit - Actor 99
Photo Credit - Actor 99

ဒါ့အပြင် နိုင်းနိုင်းဟာဆိုရင် သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖစ်ပာတယ်။ နိုင်းနိုင်းတို့မိသားစုလေးကတော့ နိုင်ငံခြားမှာ ခြေချနေထိုင်ကာ မိသားစုကို ခွဲခွာပြီး မြန်မာနိုင်ငံမှာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ ယခုမှာဆိုရင်လည်း နိုင်းနိုင်း က Stay Home အချိန်လေးမှာ ပရိသတ်တွေအတွက် အရင်က ခရီးသွားခဲ့တုန်းက အမှတ်ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Actor 99
Photo Credit - Actor 99

ဒီပုံလေးတွေထဲမှာတော့ တည်ကြည်ခန့်ညားမှုတွေ နဲ့ ဆွဲဆောင်မှုရှိပြီး လူငယ်တွေ အားကျရလောက်မယ့် ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း နိုင်းနိုင်း က " သီချင်းထဲကလို (ဟိုအရင်အချိန်တွေ တမ်းတ မက်မော... ပြန်လိုချင်တယ် အခုလေ... )လူသားများကို ငဲ့ညှာသောအားဖြင့် အဆုံးသတ်လိုက်ပါ၊ ကိုဗစ်၁၉ ရယ် " ဆိုပြီး ရေးသားထားပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသားချော နိုင်းနိုင်း ရဲ့ အရင်ကအမှတ်ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Actor 99

Photo Credit - Actor 99

Source - Aotor 99 Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။