ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိအိတုန်ကတော့ ပရိသတ်တွေနဲ့ရင်းနှီးနေပြီးသားဖြစ်မယ် ထင်ပါတယ်နော်။ အိအိတုန်ကိုတော့ ပရိသတ်တွေအားလုံးက ဗီဒီယို၊ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ အားပေးခဲ့ကြတာပဲ ဖြစ်ပါတယ် ။ သရုပ်ဆောင်ပီပြင်ပြီးတော်လွန်းတဲ့ အိအိတုန်က ကျရာဇာတ်ရုပ်မရွေး ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေအားလုံးရဲ့အားပေးမှုကို ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc

လက်ရှိမှာတော့ အိအိတုန်က အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အိအိတုန်အနေနဲ့ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုဆိုရင် ဒုတိယမြောက်ကိုယ်ဝန်ကိုတောင် လွယ်ထားရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ အိအိတုန်က အိမ်မှာပဲသူမ ချစ်ရတဲ့မိသားစုလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc
Photo Credit-Ei Ei Tone's FB Acc

မနေ့ကလည်း အိအိတုန်က သမီးချောလေးနဲ့အတူတွဲကပြီး Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အိအိတုန်တို့သားအမိနှစ်ယောက်က ကုလားသီချင်းလေးတစ်ပုဒ်ကို ကကွက်မျိုးစုံနဲ့ အတွဲညီညီကပြခဲ့ကြတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင် အိအိတုန်တို့သားအမိရဲ့ Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-Ei Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။