ပရိတ်သတ်ကြီးရေ....Mrtv-4ဇာတ်လမ်းတွဲများနဲ့အောင်မြင်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုရရှိကြတဲ့ အနုပညာဆယ်လီများထဲတွင် ခေးဆက်သွင်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်နော်။
သူမဟာ "ဆုံစည်းခြင်းမိုးတိမ်များ၊နှင်းဆီ၊အရိပ်" စတဲ့ဇာတ်လမ်းတွဲများနဲ့ အောင်မြင်လာခဲ့တာဖြစ်ပြီး ဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။
ခေးဆက်သွင်ဟာ ယခုဆိုရင်ဇာတ်လမ်းတွဲတွေသာမက ရုပ်ရှင်ကားကြီးတွေပါရိုက်ကူးနေရပြီဖြစ်တဲ့ မင်းသမီးချောလေးပါ။
ဒါ့ပြင်သူမဟာ ပျော်ပျော်နေတတ်သူတစ်ယောက်လည်းဖြစ်ပြီး အိမ်မှာနေရင်းနဲ့လည်း ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါးနေလေ့ရှိသူဖြစ်ပါတယ်။
ခေးဆက်သွင် မကြာသေးမီကသူမရဲ့ Facebookစာမျက်နှာတွင် "အိမ်မှာ အရူးတသိုက်နဲ့ရယ်ကြတာ ရပ်ကွက်ရုံးက လာတားရတဲ့အထိတူတူလိုက်ဆော့ကြည့်ကြနော်" ဆိုပြီး အမှန်ပြောတဲ့ဂိမ်းလေးကစားကာ ပေါင်ဒါမှုန့်တွေရိုက်ပြီး ကစားနေကြတာပါနော်။ ပရိတ်သတ်တွေအတွက် ခေးဆက်သွင်ရဲ့ ဂိမ်းကစားနေတဲ့ဗီဒီယိုလေးကိုပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Source-Khay Sett Thwin's Facebook acc
Photo credit-Khay Sett Thwin's Facebook acc
Video Credit-Khay Sett Thwin's Facebook acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။