လူငယ်ပရိသတ်တွေတော်တော်များများ အားပေးမှုကို ရရှိထားတဲ့ မော်ဒယ်မင်းသမီးချောလေး နန်းရွှေအေး(ဟန်လေး)ကတော့ 2015-2016 Miss Universe Myanmar first runner up winnerဆု ရရှိထားတဲ့ သူလေးပဲဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေအပေါ်အချစ်မလျှော့ပဲ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာမှတဆင့် ဝေမျှပေးနေတာလည်းဖြစ်ပါတယ်နော်။ သွယ်လျှလှပတဲ့ Bodyလေးနဲ့ စိုပြေဝင်းပတဲ့အသားအရည်လေးတွေကလည်း သူမရဲ့ဆွဲဆောင်မှုလေးတွေပါပဲ။

Photo credit - Nyein Thaw

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစပ်ပြန့်ပွားလာတဲ့ ပြဿနာလေးတွေကြောင့် အနုပညာလှုပ်ရှားတွေက ခေတ္တရပ်ဆိုင်းထားရပြီး အိမ်မှာပဲ နားနားနေနေ နေထိုင်နေတာပဲဖြစ်ပါတယ်။ အိမ်မှာနေရင်း ပရိသတ်အချစ်တော်မလေး နန်းရွှေအေးက သူမရဲ့ အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံရိပ်လေးတွေကို လူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာကနေ မကြာခဏဆိုသလို တင်ပေးလေ့ရှိနေတာပဲ ဖြစ်ပါတယ်။

Photo credit - Nyein Thaw

ယနေ့မှာလည်း သူမရဲ့ သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် ငြိမ်းသော်က ရိုက်ပေးထါးတဲ့ ပုံရိပ်လေးတွေကို တင်ပေးလါတာပဲ ဖြစ်ပါတယ်။ ညဘက်မှာ လှပတဲ့ ရှုခင်းကို နောက်ခံထားကာ ရိုက်ကူးထားတဲ့ ပုံလေးတွေဖြစ်လို့ ပရိသတ်တွေကြည့်ရင်း အချစ်ပိုမိစေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်လိုက်ပါတယ်နော် ။ ကဲ ချစ်ရတဲ့ ပရိသတ်ကြီးက ဟန်လေးတို့ သူငယ်ချင်းနှစ်ယောက်ရဲ့ ဆအ်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါအုန်းနော်...... ။

Photo credit - Nyein Thaw
Photo credit - Nyein Thaw

Photo credit - Nyein Thaw

Source - Nan Shwe Aye's facebook account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။