အဆိုတော်အိမ့်ချစ်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်သူဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုလည်း အပြည့်အဝရရှိထားကာ အောင်မြင်နေတဲ့ အဆိုတော်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ပြုံးပြုံးရွှင်ရွှင်နဲ့ ​ပြောဆိုနေထိုင်တတ်တဲ့ သူမကတော့ ယခုမှာ ချစ်ခင်ရတဲ့ မိသားစုနဲ့အတူ ဂီတရပ်ဝန်းမှ Audio စက်အဖွဲ့သား၁၉၁ ယောက်ကို အခြေခံစားသောက်ကုန်တွေ အလှူငွေတွေ ကိုယ်တိုက်သွားရောက်ပြီးလှူဒါန်းခဲ့ပါတယ်။ 

photo credit : eint chit ' s facebook page
photo credit : eint chit ' s facebook page

ဂီတရပ်ဝန်းမှ Audio စက်အဖွဲ့တွေကဝန်ထမ်းတွေကိုစားနပ်ရိက္ခာမျှဝေပေးခြင်းအလှူလူပေါင်း ၁၉၁ ယောက်အတွက် ဆန်၆ပြည်, ဆီ၅၀သားတစ်ဘူး, ငရုတ်,ကြက်သွန်,ကြက်ဥ, ကော်ဖီမစ်/ကွေကာအစရှိတဲ့စားနပ်ရိက္ခာများနဲ့ တစ်ဦးလျှင်ငွေကျပ်၁၅၀၀၀ဆီကိုမျှဝေထောက်ပံ့ပေးခဲ့ပါတယ်Audio စက်အဖွဲ့တွေကဝန်ထမ်းတွေကိုစားနပ်ရိက္ခာထောက်ပံ့ဖို့အတွက်ပါဝင်လှူဒါန်းပေးကြတဲ့DM4, ဦးစိုးမောင်မောင်,ကိုဖြိုးပြည့်စုံ, ညီမဝိုင်းလေး,ဦးစောဖြူနဲ့အန်တီရွှေဝါ , မေကြီး, ကိုEric ,Juniorညီမခိုင်ဇင်သင်း တို့ကို ကျေးဇူးအများကြီးတင်ပါတယ်

photo credit : eint chit ' s facebook page
photo credit : eint chit ' s facebook page
photo credit : eint chit ' s facebook page

သူမကတော့ " လုပ်အားပေးဝိုင်းဝန်းကူညီကြတဲ့ We Love Yangonအဖွဲ့သားတွေကိုလဲကျေးဇူးအများကြီးတင်ပါတယ်စက်ပိုင်ရှင်တွေဆီတတ်နိုင်သမျှတော့ဖုန်းတွေဆက်ပြီးအကြောင်းကြားခဲ့ပါတယ်မရလိုက်တဲ့သူတွေရှိရင်လဲနားလည်ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်ရှင့် "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်အိမ့်ချစ်ရဲ့ ကေင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source  : eint chit ' s facebook page 

photo credit : eint chit ' s facebook page
photo credit : eint chit ' s facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။