ချစ်ပရိသတ်ကြီးရေ အဆိုတော်သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် နှုတ်ခမ်းနီမလေးတွေ ရဲ့ သည်းသည်းလှုပ် အားပေးချင်ခင်ဝန်ရံခြင်းကိုခံရတယ် သူပဲဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင် ကတော့ မကြာသေးမှီက Birthday Show လေးကို ကူးစက်ပြန့်ပွားနေတဲ့ရောဂါအခြေနေကြောင့် Online ကနေပဲပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Birthday Show ကနေရရှိတဲ့ အလှူငွေတွေကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းမှုပြုလုပ်နေတာဖြစ်ပါတယ်။

Photo Credit - Sai Sai Kham Leng
Photo Credit - Sai Sai Kham Leng

ယခုတစ်ခါမှာလည်း အဲ့ဒီ Birthday Show ထဲကအလှူငွေဖြင့် မေလ ၅ ရက်နေ့မှာ ရန်ကုန်တိုင်းအစိုးရကို အသက်ရှူစက် ( Ventilator ) တစ်လုံး လှူဒါန်းခဲ့ပါတယ်။ ဒီအသက်ရှူစက်ကိုတော့ ဖောင်ကြီးဆေးရုံမှာ ထားရှိမှာဖြစ်ပြီး အသက်ရှူစက်ရဲ့ တန်းဖိုးငွေမှာတော့ ၁၉၇၄၀၀၀၀ ကျပ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျန်ရှိနေသေးတဲ့ ၅၃၉၈၆၀ ကျပ် နဲ့ US$ 3000 အလှူငွေတွေကိုလည်း နောက်တစ်ခါထပ်မံလှူသွားမယ်လို့လည်းသိရပါတယ်။

Photo Credit - Sai Sai Kham Leng
Photo Credit - Sai Sai Kham Leng

စိုင်းစိုင်းခမ်းလှိုင် ကတော့ ယနေ့ထိအငွေ စုစုပေါင်း ၇၉၇ သိန်း ၄ သောင်းကျပ်တိတိ လှူဒါန်းထားခဲ့ပြီလည်းဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အချစ်တော်လေး စိုင်းစိုင်းခမ်းလှိုင် ရဲ့မွန်မြတ်တဲ့ အလှူလေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်။ ကဲ...ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ Birthday Show မှ ရရှိတဲ့ အလှူငွေဖြင့် အသက်ရှူစက်လှူဒါန်းခဲ့တဲ့ စိုင်းစိုင်ခမ်းလှိုင်ရဲ့ အလှူလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Sai Sai Kham Leng

Source - Sai Sai Kham Leng's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။