ပြည်သူချစ်မင်းသမီးချောလေးဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင် ဖွေးဖွေးကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့သူပဲဖြစ်ပါတယ်။ဖွေးစိန်လေးက သူမရရှိတဲ့အနုပညာကြေးလေးတွေနဲ့လည်း မိဘနှစ်ပါးကို အမြဲတမ်းလိုလိုကန်တော့တတ်လို့ သူမရဲ့အောင်မြင်မှုလမ်းကြောင်းကပိုပြီးပွင့်နေတာဖြစ်ပါတယ်နော်။ဖွေးဖွေးကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးစာရင်းထဲမှာ ပါဝင်နေတဲ့သူတစ်ယောက်ပါနော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

အသားဖြူဖြူလေးနဲ့နုဖတ်နေပြီး မျက်နှာလေးကလည်း အသက်(၃၁)နှစ်အရွယ်လို့မထင်ရလောက်အောင် Baby Faceလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။စိတ်ထားလေးကလည်းဖြူစင်နူးညံ့ပြီး သဘောမနောကောင်းသူလေးဖြစ်လို့ တစ်နေ့တစ်ခြားပိုပိုလှပလာနေတာပါနော်။ဖွေးစိန်လေးက အခုကာလမှာတော့ အနုပညာအလုပ်တွေကို ခေတ္တရပ်နားထားတာဖြစ်ပါတယ်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

ဖွေးစိန်လေးက ဖေဖေ၊မေမေတို့နဲ့အတူ အိမ်မှာပဲ အေးအေးချမ်းချမ်းနေထိုင်နေကြပြီး မေလ(၃)ရက်နေ့ကတောင် ဖွေးဖွေးတို့မိသားစုသုံးယောက်က ဈေးဝယ်ထွက်ကြပါသေးတယ်။အခုဆိုရင်လည်း ဖွေးစိန်လေးက ဆံပင်ညှပ်ဆိုင်တွေအကုန်ပိတ်ထားတာကြောင့် ခန့်ချောကြီးဖေဖေ့ကို ကိုယ်တိုင်ဆံပင်ညှပ်ပေးပြီး လက်စွမ်းပြနေတဲ့ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account
Photo Credit:Kyaw Kyaw Win's Facebook Account

Source&Photo Credit:Kyaw Kyaw Win's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။