မင်းသမီးချောလေး ခေးဆက်သွင်ကတော့ သဘာဝကျပီပြင်တဲ့အိုက်တင်တွေနဲ့ ဇာတ်ရုပ်မျိုးစုံကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်တာပဲ ဖြစ်ပါတယ် ။ ဇာတ်လမ်းတွဲလေးတွေနဲ့ လူသိများလာခဲ့တဲ့ ခေးဆက်သွင်က ပရိသတ်တွေကြားမှာ ရေပန်းစားလူကြိုက်များနေတာလည်း ဖြစ်ပါတယ် ။ လတ်တလောမှာတော့ ခေးဆက်သွင်က "အရိပ် ၊ နှင်းဆီ" ဇာတ်လမ်းတွဲလေးတွေနဲ့ နာမည်ရအောင်မြင်နေတာ ဖြစ်ပါတယ် ။

Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc

ခေးဆက်သွင်က သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့အပြင် ရုပ်ရည်လေးကလည်း ချောမောလှပနေတာ ဖြစ်ပါတယ် ။ ခေးဆက်သွင်က ပျော်ပျော်နေတတ်ပြီး မာန်မာနကကင်းတာကြောင့် ချစ်ခင်သူတွေများပြားနေတာ ဖြစ်ပါတယ် ။ အခုလည်း ခေးက အိမ်မှာနေရင်း ပျော်ပျော်ပါးပါး Tik Tok ကစားထားတဲ့ဗီဒီယိုလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc
Photo Credit-Khay Sett Thwin's FB Acc

ခေးက သီချင်းမြူးမြူးလေးနဲ့အပီအပြင်ကပြထားသလို အိမ်နေရင်းပုံစံကနေ အမိုက်စားပုံစံဖြစ်အောင် ပြောင်းလဲပြထားတာလည်း ဖြစ်ပါတယ် ။ ဒီဗီဒီယိုလေးတွေကို ခေးဆက်သွင်က "ဘေးက မြှောက်ပေးလို့ Tik Tok သုံးနေပါပြီ" ဆိုပြီး မျှဝေထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး ခေးဆက်သွင်ရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Khay Sett Thwin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။