ပရိသတ်ကြီးရေ.. အားကစားနဲ့ အနုပညာလောမှာ ပရိသတ်တွေရဲ့အချစ်တွေကို အပြည့်အဝရရှိထားတဲ့အပြင် ကြည်နူးချမ်းမြေ့စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေကြတဲ့ ဆယ်လီစုံတွဲလေးကတော့ အောင်သူနဲ့ ပိုးအိအိခန့်တို့ စုံတွဲလေးပဲ ဖြစ်ပါတယ်နော်..။

အောင်သူကတော့ နိုင်ငံဂုဏ်ဆောင် ဘောလုံးကစားသမားတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားသလို မင်းသမီးချောလေး ပိုးအိအိခန့်ကလည်း ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ ပြည်သူ့အချစ်တော် သရုပ်ဆောင်အဖြစ် ရပ်တည်အောင်မြင်နေကာ ချစ်စရာကောင်းလွန်းတဲ့ သားလေးတစ်ယောက်ကိုလည်း မွေးဖွားပိုင်ဆိုင်ထားကြတာပဲ ဖြစ်ပါတယ်..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Alinn Yaung Photography
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

ဝဝကစ်ကစ် ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းလွန်းတဲ့ အောင်သူနဲ့ပိုးအိအိခန့်တို့ရဲ့ သားလေး သွင်ဦးဟန်လေးကိုလည်း အားလုံးက သဲကိုးလေးလို့ ချစ်စနိုးခေါ်ကြပြီး လည်လွန်းတတ်လွန်း သိတတ်လွန်းလို့ ပရိသတ်တွေ အားလုံးကပါ အချစ်ပိုနေကြရတာပါ..။

မေမေပိုးအိအိခန့်ကတော့ သားလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် အမြဲမျှဝေပေးလေ့ရှိသလို အခုတစ်ခါမှာလည်း ဖေဖေအောင်သူလို ဘောလုံးအကျႌလေးဝတ်ပြီး အသည်းယားအောင် ချစ်ဖို့ကောင်းနေတဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကိူ မျှဝေလိုက်ပါတယ်နော်..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

သဲကိုးလေး သုံးလကျော်အရွယ်က အမှတ်တရရိုက်ကူးထားတဲ့ ချစ်စရာပုံလေးတွေကို ပြန်လည်မျှဝေထားတာဖြစ်အြီး သဲကိုးလေးကတော့ အခုဆိုရင် ကိုးလကျော်ရွယ်ကို ရောက်ရှိနေပြီဖြစ်သလို ချစ်စရာကောင်းလွန်းတဲ့ သားလေးရဲ့ ပုံရိပ်လေးတွေကိုတော့ ပရိသတ်တွေ မချစ်ဘဲမနေနိုင်အောင် အချစ်ပိုနေကြမှာပါနော်..။

ကဲ.. ချသ်ရတဲ့ ပရိသတ်ကြီးရေ.. ဒီကနေ့လေးမှာတော့ ဘောလုံးဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ သဲကိုးလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်တာမို့ ပရိသတ်တွေလည်း သဘောကျနှစ်သက်ကြတယ်ဆိုရင်တော့ အသည်းလေးတွေ ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account
Photo Credit - Poe Ei Ei Khant's FB Account

Source & Photo Credit - Poe Ei Ei Khant's FB Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။