လာမည့်နှစ် ပရီးမီးယာလိဂ်အမှတ်ပေးဖလားကို အရယူရန် မျှော်မှန်းချက်ထားနေသည့် လန်ဒန်အခြေစိုက် အာဆင်နယ်အသင်းအနေဖြင့် ပထမဆုံးခြေလှမ်းအနေဖြင့် ဂျာမန်ဘွန်ဒါလီဂါကလပ် ရှော်ကေးအသင်းနောက်ခံလူ ကိုလာဆီနက်စ်ကိုခေါ်ယူခဲ့ပါတယ်။

ပရီးမီးယာလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ အသက်၂၃နှစိအရွယ်ရှိ ဘော့စနီးယား ဘယ်အစွန်နောက်ခံလူ ကိုလာဆီနက်စ်ကို အလွှတ်ပြောင်းရွှေ့ကြေးဖြင့် ရှော်ကေးအသင်းကနေ အမ်မရိတ်သို့ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ကိုလာဆီနက်စ်ကို အာဆင်နယ်အသင်းသာမက အဲဗာတန်အသင်းကပါ ခေါ်ယူရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းက လက်ဦးမှုရယူကာ ၂၀၂၂ထိသက်တမ်းရှိသည့်၅နှစ်သက်တမ်းစာချုပ်ကို ကိုလာဆီနက်စ်နဲ့ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

Source-Bleacher Report UK

Hein 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။