ချစ်ပရိသတ်ကြီးရေ စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေကြား ဘေဘီဆိုတဲ့ နာမည်လေးနဲ့ ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ မြင်သူတိုင်း စွဲမက်သွားစေမယ့် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်နေရပါတယ်။ အခုဆိုရင် စူးရှထက်က ကြော်ငြာလေးတွေအပြင် သီချင်းဗီဒီယိုတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေ ရင်မခုန်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုအားပြင်းတဲ့ သူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ သူကိုယ်တိုင်ရောင်းနေတဲ့ ဒူရင်းသီးတွေကို ပန်းရောင်းနေတဲ့ ကလေးလေးတွေတွက် လှူဒါန်းကျွေးမွေးခဲ့တဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးကြည့်ပြီး ကြည်နူးပီတိဖြစ်မိတာ အမှန်ပဲဖြစ်ပါတယ်

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

သူမကတော့ ပရဟိတ လုပ်ငန်းတွေကိုလည်း ကိုယ်တိုင်မကြာခဏဆိုသလို လုပ်ကိုင် လှူဒါန်းတက်သူလေးလည်းဖြစ်ပါတယ်  သူမရဲ့ sexy ကျကျ အမိုက်စားပုံရိပ်တွေပါမက tik tok ဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေကြားမှာ နောက်ပိုင်း ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။ ကဲ..ချစ်ပရိသတ်တွေတွက် စူးရှထက်ရဲ့ အလှူဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Photo Credit : Zar Chi Facebook Account
Photo Credit : Zar Chi Facebook Account

Source & Photo Credit : Zar Chi Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။